APM၊ ဩဂတ်စ် ၉ / ၂၀၂၃
ဩဂတ်စ် ၈ ရက်နိက လေးမြို့မြစ်ရီမြင့်တက်လာမှုနန့်အတူ ရီကြီးမှုကြောင့် လေးမြို့မြစ်ကမ်းဟိ မြောက်ဦးမြို့နယ် အထက်လေညှင်းတောင်၊ အောက်လေညှင်းတောင်နန့် ညောင်ပင်လှစသည့် ကျေးရွာ ၃ ရွာမှ နွား အကောင်ရေ ၇၀ နီးပါး ရီထဲမျောပါ ပျောက်ဆုံးနီကြောင်း သတင်းရဟိသည်။
ရက္ခိုင်တွင် ကုန်ခသည့် ဂျူလိုင် ၃၁ ရက်နိမှ လက်ဟိအချိန်ထိ မိုးအဆက်မပြတ်ရွာသွန်းကာ မြစ်ချောင်းရီမြင့်တက်လျက် ရီကြီးမှုများဖြစ်ပေါ်နီသည်။
လေးမြို့မြစ်ရီသည်လေ့ ဩဂတ်စ် ၈ ရက်နိက စိုးရိမ်ရီမှတ်ထက်ကျော်လွန်ရောက်ဟိခပြီး လေးမြို့မြစ်ကမ်းတလျှောက်ဟိကျေးရွာတချို့ ရီနစ်မြုပ်ခကာ ကျွဲ၊ နွားများ ရီစီးနန့်အတူ မျောပါ ပျောက်ဆုံးနီကြောင်း ဒေသခံများ ပြောကြားအချက်အရ သိရသည်။
APM က လတ်တလော ကောက်ယူထားသည့်စာရင်းများအရ အထက်လေညှင်းတောင်ရွာမှ နွားအကောင်ရေ ၄၀ ၊ အောက်လေညှင်းတောင်မှ ၁ဝ ကောင်၊ ညောင်ပင်လှရွာမှ ၅၇ ကောင်၊စုစုပေါင်း ၁၀၇ ကောင်မှာ ရီထဲမျောလားကြောင်း သိရသည်။
ယင်းအထဲ အနီးအနားကျေးရွာတချို့မှ ဆည်ယူ သိမ်းဆည်းထား၍ နွားအကောင်ရေ ၃၀ ကျော်လောက်ပြန်ရကေလေ့ လက်ဟိအချိန်ထိ ယင်းကျေးရွာ ၃ ရွာပေါင်း နွားအကောင်ရေ ၇၀ နီပါးမှာ ပျောက်ဆုံးနီသိမ့်သည်ဟုဆိုသည်။
ရက္ခိုင်တွင် မိုးရွာသွန်းမှုနန့်အတူ မြစ်ရီများမြင့်တက်လာကာ ရီကြီးခြင်းကြောင့် မြောက်ဦး ၊ ကျောက်တော်၊ မင်းပြား အပါအဝင် မြို့နယ်တချို့မှ ဒေသခံထောင်ချီ ဖီးလွှတ်ရာသို့ ယာယီရွိပြောင်းထားရကြောင်း သိရသည်။