
APM၊ ဩဂတ်စ် ၉/ ၂၀၂၃
ကရင်ပြည်တွင်ကုန်ခသည့် ဩဂတ်စ် ၁ ရက်နိမှစ၍မိုးပြင်းပြင်းထန်ထန်ရွာသွန်းမှုကြောင့် သံလွင်မြစ်၊ သောင်ရင်းမြစ်၊ ဇမိမြစ်စသည့် အဓိကမြစ်ကြီးများ မြစ်ရီမြင့်တက်နီရာ မြို့နယ်တချို့ ရီလွမ်းနီပြီး ထောင်နန့်ချီသည့် ဒေသခံများ ဖီးလွှတ်ရာသို့ ရွှိပြောင်းနီရကြောင်း သိရသည်။
မြဝတီမြို့တွင် သောင်ရင်းမြစ်ရီကြီးမှုနန့် ရီမြောင်းများရီလျှံမှုကြောင့် မြီနိမ့်ပိုင်းရပ်ကွက်များ နစ်မြုပ်နီရာ လက်ဟိအချိန် အထိ ဒေသခံ ၃,၀၀၀ ကျော်ကို ဖီးလွတ်ရာသို့ ယာယီ ပို့ထားရကြောင်း အရပ်ဖက်အဖွဲ့များက ဆိုသည်။
အလားတူ ဘားအံ့မြို့တွင်လေ့ သံလွင်မြစ်ရီမြင့်တက်မှုကြောင့် တမြို့လုံးနီးပါး ရီနစ်မြုပ်နီရာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနန့် အားကဇတ်ရုံများတွင် ယာယီရီဖီးယှောင်စခန်း ၇ ခုဖွင့်လှစ်ကာ လူ ၂,၀၀၀ နီးပါး ခိုလှုံနီရကြောင်း ဒေသခံများက ပြောကြားသည်။
ယင်းအပြင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင်လေ့ ဇမိမြစ်ရီမြင့်တက်မှုကြောင့် လူနီရပ်ကွက်များ ရီနစ်မြုပ်နီရာ မြို့ခံလူထု ၆၀၀ နီးပါး ရီဖီးယှောင်နီရသည်ဟု ဆိုသည်။
တချိန်တည်းတွင်း တောင်ကျရီကြောင့် ထိုင်း-မြန်မာကုန်သွယ်ရီးအတွက် အဓိကအရေးပါသည့် အာသျှလမ်းသစ် ဒေါန တောင်တက် လမ်းပိုင်းနန့် မြဝတီ-ဘာအံဖြတ်လမ်း ထို့ကော်ကိုး/ကျော်ကို့လမ်းပိုင်းရို့ ပြိုကျပျက်စီးခရာ လက်ဟိတွင် ကုန်စည်စီးဆင်းမှု ပြတ်တောက်နီကြောင်း သိဟိရသည်။
Photo – ကရင်အမျိုးသားမီဒီယာ





