
APM ၊ ဩဂတ်စ် ၉ / ၂၀၂၃
တရုတ်နိုင်ငံ၊ ဘေကျင်းမြို့တွင် ဩဂတ်စ် ၈ ရက်နိ ညည့် ၁၂နာရီအချိန်အထိ ရီကြီးမှုကြောင့် သီဆုံးလူ ၃၃ ယောက်ဟိ လာပြီး ၁၈ ယောက်ပျောက်ဆုံးနီကြောင်း အာဏာပိုင်များက ဒေနိ(ဩဂတ်စ် ၉ရက်နိ)တွင် ပြောကြားသည်။
ဒေနိ၊ မိုးထပိုင်းက ပြုလုပ်ခသော ရီဖီးအန္တရာယ်ထိန်းချုပ်ရီးနန့်ပတ်သက်သည့် သတင်းစာယှင်းလင်းပွဲတွင် ဘေကျင်းမြို့ ဒုတိယ မြို့တော်ဝန် ချလျင်မောက်က ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး သီဆုံးခသည့်လူ ၃၃ ယောက်တွင် ကယ်ဆယ်ရီး သမား ၅ယောက်ပါဝင်သည်ဟု ဆိုသည်။
ဘေကျင်းမြို့နန့်အနားတဝိုက်ဒေသများတွင် ဒေါ့ဆူရီမုန်တိုင်းအဟိန်နန့် ဂျူလိုင် ၂၉ရက်နိမှစ၍ မိုးရီချိန်လက်မ ၂၉ လက်မ အထိ ရွာသွန်းခရာ အဆိုးရွားဆုံးရီကြီးမှုဖြစ်ခပြီး လူနီအိမ် ၅၉၀၀၀ လုံးဝပြိုကျခရသည်။
တခြား လူနီအိမ် ၁၅၀,၀၀၀ နီးပါးလေ့ ထိခိုက်ပျက်စီးခရသည့်အပြင် သီးနှံစိုက်ခင်း ဧက ၃၇,၀၀၀ ကျော် ပျက်စီးခပြီး တန်းတားပေါင်း ၁၀၀ ကျော်နန့် လမ်းအများအပြား ပျက်စီးခကြောင်း ချလျင်မောက်က ပြောကြားသည်။
ဘေကျင်းအနားဟိ ဟူဘီပြည်နယ်တွင်လေ့ လူ ၁၅ ယောက်သီဆုံးကာ ၂၂ ယောက်ပျောက်ဆုံးနီကြောင်းသိရပြီး အရှိမြောက်ပိုင်း ချူးလန်မြို့တွင် ၁၄ ယောက်ထက်မနည်းသီဆုံးကာ ၁ ယောက်ပျောက်ဆုံးနီကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။
Source – More than 30 dead, 18 missing after recent Beijing flooding
Photo – Reuters


