APM ၊ ဩဂတ်စ် ၉ /၂၀၂၃
မိုးကြီး၍ မြစ်၊ချောင်းများရီမြင့်တက်လာကာ ရီလွမ်းမိုးမှုဒဏ်ကိုခံနီရသည့် ကျောက်တော်မြိုနယ်၊ ယိုးချောင်းဒေသက ကျေးရွာတချို့တွင် လက်ဟိ အမိုးအကာများအရေးပေါ်လိုအပ်နီ ကြောင်း သိရသည်။
အဆိုပါကျေးရွာများမှာ နီချေ၊လမုလက်နက်၊ကန်ချေပြင်နန့် ကန်တူးဆင်း စသည့်ကျေးရွာများဖြစ်ပြီး မြိုလူမျိုးများ အများစု နီထိုင်သည်။
အဆိုပါကျေးရွာများ၌ ဩဂတ်စ် ၈ ရက်နိက ပုံမှန်ရီအမြင့်ပေထက် ၁၀ ပေလောက်အထိ မြင့်တက်ခရာ ရွာသားများမှာ အနားဟိ တောတောင်များသို့ ယာယီရွိပြောင်းနီကတ်ရကြောင်း ရွာသားများကပြောသည်။
လက်ဟိတွင် ယင်းကျေးရွာများ၌ ရီ ၉ ပေ လောက်နစ်မြုပ်နီသိမ့်၍ ရွာမပြန်ဝံ့သိမ့်ဘဲ ယင်းတောတောင်ထဲမှာရာ ဖြစ်တေပိုင် ခိုလှုံနီကတ်ရသိမ့်သည်ဟု ဆိုသည်။
ယင်းအပြင် နောက်ထပ်ရီကြီးလာမည်ကိုစိုးရိမ်၍ လေ့ ရွာသားအများစုမှာ နီရပ်မပြန်ဝံ့သိမ့်ဘဲ ယာယီ တဲထိုး နီထိုင်နီကတ်ရကာ အမိုးအကာများ အရေးပေါ်လိုအပ်လျက်ဟိကြောင်းသိရသည်။
ရက္ခိုင်တွင် ဒေရက်ပိုင်းအတွင်း မိုးကြီး၍ မြစ်၊ချောင်းရီများမြင့်တက်ကာ မြို့နယ်အများစုမှ ကျေးရွာအများအပြား ရီမြုပ်ခရသည်။
ယင်းရီကြီးမှုနန့်အတူ နီအိမ်များ ပျက်စီးဆုံးယှုံးခြင်း၊ ကျွှဲ၊ နွားစသည့် အိမ်မွီးတရိစ္ဆာန်များရီထဲမျောပါ ပျောက်ဆုံးခြင်းများ ဖြစ်ပွားခသည့်အပြင် လူသီဆုံးမှုများလေ့ ဟိကြောင်းသိရသည်။
Photo- Narinjara