APM၊ ဂျူလိုင် ၉/ ၂၀၂၃
ဆူဒန်နိုင်ငံအနောက်ပိုင်း၊ အမ်ဒါမန်မြို့တွင် ဂျူလိုင် ၈ရက်နိက ဆူဒန်စစ်တပ်၏ လီကြောင်း တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂၂ယောက်သီဆုံးလားပြီး အများအပြား ဒဏ်ရာရဟိခကြောင်း ခါတွန်ပြည်နယ်ကျန်းမာရီးဝန်ကြီးဌာနက ထုတ်ပြန်သည်။
မြို့တော်ခါတွန်အနားဟိ အရံထောက်ပံ့ရီးတပ်ဖွဲ့ (RSF)သိမ်းပိုက်ထားသည့် အမ်ဒါမန်မြို့၊ လူနီရပ်ကွက်တခုကို စစ်တပ်က လီကြောင်းတိုက် ခိုက်ခပြီး ဒေတိုက် ခိုက်မှုသည်စစ်ပွဲကာလတလျှောက် လူသီမှုအများဆုံးဖြစ်သည်ဟု ကျန်းမာရီး ဝန်ကြီး ဌာနက ဆိုသည်။
ဆူဒန်စစ်တပ်နန့် RSF ရို့အကြားဖြစ်ပွားနီသည့် စစ်ပွဲများကို ရပ်တန့်ဖို့ အကြိမ် ကြိမ်ကြိုးပမ်းခကေလေ့ အောင်မြင်မှုမရဘဲ သုံးလတာကာလသို့ရောက်လာနီ ခြင်းဖြစ်သည်။
တိုက်ပွဲများအတွင်း အနည်းဆုံး လူပေါင်း ၁,၁၃၃ယောက်သီဆုံးခပြီး အနောက်ဒါဖာပြည်နယ်တွင် လူမျိုးရီး အကြမ်းဖက်မှု များပါ ဖြစ်ပွားခကြောင်း ကျန်းမာရီးဝန်ကြီးဌာနက ဆိုသည်။
ယင်းအပြင် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ဗြီးတိမ်းယှောင်လားသူ ၇ သိန်း အပါအဝင် လူပေါင်း ၂.၉ သန်းကျော် အိုးအိမ် စွန့်ခွာထွက် ဗြီးနီရပြီး လူသားချင်းစာနာမှုအကူအညီများ အရေးပေါ်လိုအပ်နီကြောင်း အကူအညီပီးရီးအေဂျင်စီများက ထုတ်ပြန်ထားသည်။
Source Air strike on Sudan’s Omdurman kills 22, health ministry says/Reuters
Airstrike in Sudanese City Kills at Least 22, Officials Say, Amid Fighting Between Rival Generals/ AP
Photo – Reuters