APM ၊ ဂျူလိုင် ၉ / ၂၀၂၃
ရက္ခိုင်ယူနိုက်တက်အသင်းသည် ဒေနိ(ဂျူလိုင် ၉ ရက်နိ) မိုးထ ၇ နာရီခွဲက ဗဟန်းကွင်းတွင်ယှဥ်ပြိုင်သည့် FIFA-MFF U-15 ပြိုင်ပွဲတွင် ရန်ကုန်တောင်ဇလပ်အသင်းအား ၆ ဂိုး၊ ၂ ဂိုးရလဒ်နန့် ဂိုးပြတ်အနိုင်ရဟိခကြောင်းသိရသည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ၏ကူညီပံ့ပိုးမှုနန့် မြန်မာဘောလုံးအဖွဲ့ချုပ်မှ ကြီးမှုကျင်းပနီသည့် အဆိုပါ ၂၀၂၃ ယူ -၁၅ လူငယ်လိဂ်ပြိုင်ပွဲတွင် ရက္ခိုင်ယူနိုက်အသင်းသည် ဒုတိယမြောက်နိုင်ပွဲကို ရဟိခခြင်းဖြစ်သည်။
ယင်းပွဲစဥ်၏ ဂိုးများကိုတော့ အောင်ချမ်းငြိမ်း၊ စွမ်းဇာနည်၊ ထက်အောင်ကျော်၊ ညီညီသန့်၊ မင်းကိုနန့် အသင်းဂေါင်းဆောင် ရဲထက်အောင်ရို့က တယောက်တဂိုးစီသွင်းယူခသည်။
ရက္ခိုင်ယူနိုက်တက် ယူ-၁၅ အသင်းသည် လက်ဟိယှဥ်ပြိုင်နီသည့် FIFA-MFF ယူ-၁၅ လိဂ်ပြိုင်ပွဲ၌ ၃ ပွဲကဇတ်ထားရာ ၂ ပွဲနိုင်၊ ၁ ပွဲသရေနန့် ရမှတ် ၇ မှတ်ရဟိထားကြောင်းသိဟိရသည်။
Source-RUFC/MFF
Photo-Rakhine United Football Club