APM ၊ ဂျူလိုင် ၉ / ၂၀၂၃
တောင်ကိုရီးယားအသင်းဂေါင်းဆောင် ဂျီဆိုယွန်းက ဒေဂုလစတင်မည့် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ၌ တောင်ကိုရီးယား သားများ၏ ကြိုးပမ်းအားထုတ်မှုကို လူတကာ အံ့သြသင့်စရာအဖြစ် မြင်တွိစီရမည်ဟု ပြောကြားလိုက်သည်။
ချဲလ်ဆီးကွင်းလယ်ကဇတ်သမားဟောင်း ဂျီဆိုယွန်းက “အဓိကပြိုင်ပွဲတိမှာ မထင်မှတ်တေအသင်းတိက အံ့သြသင့်စရာလုပ်ပြကတ်ပါရေ။ မနှစ်က ကာတာကမ္ဘာ့ဖလားမှာ မော်ရိုကိုအသင်း ဆီမီးဖိုင်နယ်သို့ရောက်ဖို့လို့ ဇာသူကလေ့ မမျော်လင့်ထားခပါ” ဟု နှိုင်းယှဥ်ပြောကြားခကြောင်း ယွန်ဟပ်သတင်းကဖော်ပြခသည်။
တောင်ကိုရီးယားအသင်းသည် ဩစတြီးယာနန့် နယူးဇီလန်နိုင်ငံတွင် ဂျူလိုင် ၂၀ ရက်နိ စတင်ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂျာမနီ၊ မော်ရိုကို၊ ကိုလံဘီယာရို့နန့် ရင်ဆိုင်ရမည်ဖြစ်သည်။
ပြိုင်ပွဲနန့်ပက်သတ်၍ ဂျီဆိုယွန်းမှ ထပ်လောင်းပြောကြားခရာတွင် “ ပြိုင်ပွဲမှာ အသင်းပေါင်း ၃၂ သင်းဟိပနာ ခက်ခဲရေ စိန်ခေါ်မှုတခု ဖြစ်လာဖို့သေချာပါရေ။ ယေဒါလေ့ တောင်ကိုရီးယား၏ ကြိုးစားအားထုတ်မှုကို ဒေတခါတော့ လူတိ အံ့သြသင့်စီရပါဖို့” ဟု ပြောဆိုခသိမ့်သည်။
တောင်ကိုရီးယားအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ၌ (၄) ကြိမ်မြောက် ဝင်ရောက်ယှဥ်ပြိုင်မှုဖြစ်ပြီး အမြင့်ဆုံးစွမ်းဆောင်မှု အဖြစ် ၂၀၁၅ ခုနှစ်တွင် နောက်ဆုံး ၁၆ သင်းအဆင့်သို့ (၁) ကြိမ်သာ တက်လှမ်းနိုင်ခကြောင်းသိဟိရသည်။
Source- Captain Ji So-yun said South Korea’s effort will be seen in the World Cup/Reuters
Photo-Yonhap News