
APM ၊ ဂျူလိုင် ၉ / ၂၀၂၃
အိန္ဒိယနိုင်ငံ၊ သြရိဿပြည်နယ်တွင် ပြီးခသည့် ဂျုန်လက လူ ၃၀၀ နီးပါး သီဆုံးခသည့် ရထားသုံးစင်းတိုက်မှုဖြစ်စဉ်နန့် ပတ်သက်၍ မီးရထားဝန်ထမ်း ၃ ယောက်ကို ဖမ်းဆီးအရေးယူလိုက်ကြောင်း အိန္ဒိယရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားသည်။
ယာဥ်တိုက်မှုနန့် ပတ်သတ်၍ အိန္ဒိယမီးရထားလုပ်ငန်းမှ အချက်ပြအင်ဂျင်နီ ယာ ၂ ယောက်နန့် မီးရထားနည်းပညာသျှင် ၁ ယောက်ရို့ကို လူသတ်မှု၊သက်သီအထောက်အထားများဖျက်ဆီးမှုများနန့် ဂျူလိုင် ၆ ရက်နိတွင် စွဲချက်တင်ခကြောင်း ဗဟို စုံစမ်းစစ်ဆီးရီးဗျူရိုကဆိုသည်။
အဆိုပါ ရထားတိုက်မှုဖြစ်စဉ်ကြောင့် ၃၀၀ နီးပါးသီဆုံးကာ လူပေါင်း ၈၅၀ ထက်မနည်း ထိခိုက်ဒဏ်ရာရဟိခပြီး ၁၉၉၅ ခုနှစ် နောက်ပိုင်း အိန္ဒိယတွင် တတိယ အဆိုးရွားဆုံးနန့် အသီအပျောက်အများဆုံးရထားတိုက်မှုအဖြစ် သတ်မှတ်ခံထားရသည်။
တရားဝင်အချက်အလက်များအရ အိန္ဒိယတွင် တရက်ကို လူပေါင်း ၂၁ သန်းကျော် ရထားစီးလားလာနီပြီး ပိုမိုတိုးပွားလာ သည့်လူဦးရေအတွက် အိန္ဒိယအစိုးရက ရထားလမ်းကွန်ရက်ကို အဆင့်မြှင့်တင်ရန် မကြာသိမ့်ခင်နှစ်များမှစ၍ ငွေကြေး အမြောက်အမြား ရင်းနှီးမြှပ်နှံထားကြောင်းသိရသည်။
Source – Three arrested in India over train crash that killed nearly 300 people/ The Guardian
Photo AFP
