APM၊ ဂျူလိုင် ၉/ ၂၀၂၃
ယူကရိန်းနိုင်ငံသို့ ပဒေသာဗုံးများအမေရိကန် ထောက်ပံ့မည့်ကိစ္စကို လက်မခံဟု ဂျူလိုင် ၈ ရက်နိတွင် ဗြိတိန် ဝန်ကြီးချုပ် ဆွန်းနက်က ပြောကြားလိုက်သည်။
ဗြိန်တိန်ဝန်ကြီးချုပ်က “တားမြစ်ထားသည့် ပဒေသာဗုံးများကို အမေရိကန်မှ ယူကရိန်းသို့ပီးပို့မည့်ကိစ္စ၌ ပူးပေါင်း လုပ်ဆောင်မည်မဟုတ်ဟု ပြောသည်။
ပဒေသာဗုံးများတက်စားယူကရိန်းသို့ အကူအညီများကို တခြားနည်းလမ်းများနန့် မြှင့်တင်ပီးလားမည်ဟု ဆိုသည်။
ဗြိန်တိန်သည် ပဒေသာဗုံးအသုံးပြုခြင်းနန့်ထုတ်လုပ်မှုကို တားမြစ်ထားသည့် နိုင်ငံတကာသဘောတူညီချက်ကို လက် မှတ်ရွီးထိုးထားသည်။
အဆိုပါကိစ္စကို လာမည့်အပတ်အတွင်း လစ်သူယေးနီးယားနိုင်ငံ၊ ဗွီနီးယက်စ်မြို့တွင် ကျင်းပမည့် နေတိုးထိပ်သီးအစည်း အဝေးတွင် ဆွေးနွေးလားဟုသိရသည်။
ပြီးခသည့် ဂျူလိုင် ၇ ရက်နိက အမေရိကန် သမ္မတဂျိုးဘိုင်ဒင်ကတားမြစ်ထားသည့်အဆိုပါပဒေသဗုံးများကို ယူကရိန်း သို့ပီးပို့လားမည်ဟု ထုတ်ပြန်ပြောကြားခရာ တချို့မဟာမိတ်နိုင်ငံများနန့် လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်လျက်ဟိသည်။
အလားတူ ကနေဒါ၊ စပိန် စသည့်နိုင်ငံများကလေ့ ပဒေသာဗုံးအသုံး မပြုသင့်ကြောင်း အသီးသီး ထုတ်ပြန်ထားသည်။
ယင်းအပြင် အမေရိကန်က ယူကရိန်းသို့ ပဒေသာဗုံးပီးပို့မည့်ကိစ္စကို ဂျာမဏီနိုင်ငံနန့် ကုလအတွင်းရီးမှူးချုပ်ရို့ပါ ကန့်ကွက် ခပြီး အမေရိကန်၏ ဆုံးဖြတ်ချက်သည် ရုသျှဆန့်ကျင်ရီးအတွက် ဆိုးဝါးသည့် လုပ်ရပ်တခုဖြစ်သည်ဟု ရုသျှက တုံ့ပြန် ထားသည်။
Source – UK will not supply cluster munitions to Ukraine, says Sunak/ The Guardian
Photo – Bloomberg