
APM၊ ဂျူလိုင် ၉/၂၀၂၃
Mocha ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ခသည်မှာ တလကျော်ကြာလာသည့်တိုင် ရက္ခိုင်ဟိ မုန်တိုင်းဒဏ်သင့်ဒေသခံ အများ စုမှာ ပြိုပျက်လားသည့် နီအိမ်များကို မပြုပျင်နိုင်သိမ့်ဘဲ လက်ဟိအချိန်ထိ အိိုးမဲ့အိမ်မဲ့ နီထိုင်နီကတ်ရဆဲဖြစ်ကြောင်း သိရသည်။
မုန်တိုင်းဒဏ်ကို အဓိက ခံစားခရသည့် မြို့နယ်များဟိ ကျေးရွာအများစုတွင် နီအိမ်လုံးဝပြိုပျက်လားသူများမှာ ပြန်လည် ဆောက်လုပ်နိုင်ခြင်းမဟိဘဲ အိုးမဲ့အိမ်မဲ့ဖြစ်နီကတ်ရဆဲဖြစ်ကြောင်း ဒေသခံများကပြောသည်။
အမိုးအကာပစ္စည်းနန့်အိမ်ဆောက်ပစ္စည်းများမှာအလွန်တရာဈီးကြီးနီ၍ ဒေသခံအများစုမှာ နီအိမ်များ ပြန်ပျင်ရန် ငွေကြေး မတတ်နိုင်သည့်အပြင် အကူအညီရဟိမှုလေ့ နည်းပါနီသည့်အတွက် နီထိုင်စားသောက်ရီးခက်ခဲဖြစ်နီရသည်ဟု ဆိုသည်။
မိုးရာသီကို ရောက်လာ၍ နီအိမ်များကို အချိန်မီပြန်လည် မပြုပြင်နိုင်ပါက ကျန်းမာရီးနန့်လူမှု စီးပွားဘဝကို ဆိုးဝါးစွာ ထိခိုက်နိုင်သည်။
မေလ ၁၄ ရက်နိတိုက်ခိုက်ခသည့် ဖျက်အားပြင်း Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရက္ခိုင်တပြည်လုံးအတိုင်းအတာနန့် အိမ်ခြီပေါင်း ၂၁၆,၆၈၁ လုံးပျက်စီးခကာ ဒေသခံ တသန်းကျော် ထိခိုက်နစ်နာခရကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် ULA/AA၏ ပြောဆိုချက်အရ သိရသည်။
