APM ၊ ဂျူလိုင် ၉ / ၂၀၂၃
မုန်တိုင်းဒဏ်ပြင်းထန်စွာခံခရသည့် ပေါက်တောမြို့နယ်၊ကြိမ်ခွေမော်ကျေးရွာနန့်တပ်မော်ကျေးရွာတွင် အကူအညီများ အရေးတကြိးလိုအပ်နီကြောင်း သိရသည်။
အဆိုပါကျေးရွာများမှာ မေ ၁၄ရက်နိက ဝင်ရောက်ခသည့် Mochaဆိုင်ကလုန်းမုန်တိုင်းကြောင့် တရွာလုံးနီးပါးပျက်စီးခရသည်။
လက်ဟိအချိန် လမ်းပန်းဆက်သွယ်ရီး အခက်အခဲကြောင့် ယင်းကျေးရွာနှစ်ရွာသို့အကူအညီတစုံတရာလာ ရောက်လှူဒါန်းခြင်းမဟိသိမ့်၍ ပျက်စီးလားသည့်အိမ်များကို ဖြစ်တေပိုင်ပြုပျင်ထားရသည်ဟု ရွာသားများက ပြောသည်။
“မိုးရာသီဆိုကေ ငါရို့ရွာက ဆိုင်ကယ် လေ့လားလို့မရယာ၊ကားလေ့လားလို့မရယာ၊ရီးကြောင်းလမ်းတော့ဟိရေ။ ယေကေလေ့ ကယ်ဆယ်ရီးလာပီးဖို့တိုင်သားတိက ယင်းရီလမ်းကြောင်းဟိစွာသိပုံမရ” ဟု ရွာခံသားတယောက်က ပြောသည်။
ကြိမ်ခွေမော်ကျေးရွာတွင် အိမ်ခြီ ၃၈၉ ဆောင်ဟိပြီး လုံးဝပြိုပျက်လာသည့် အိမ် ၅၇ ဆောင်ဟိကာ ကျန်အိမ်များမှာလေ့ အခေါင်ပွင့်၊အိမ် ဘေးထရံများကွာလားသည့်အပြင် ဘုန်းကြီးကျောင်းလေ့ ပျက်စီးခရသည်။
အလားတူ တပ်မော်ကျေးရွာတွင်လေ့ အိမ်ခြီ ၈၈ ဆောင်ဟိပြီး ပြားပြားဝပ် လားခသည့်အိမ် ၂ ဆောင်ဟိကာ ကျန်အိမ်များမှာ လေ့ ပျက်စီးခသည်ဟု သိရသည်။
အဆိုပါ ကျေးရွာများတွင် မုန်တိုင်းတိုက်ခတ်နီချိန်အတွင်း ရီ ၈ ပေလောက်အထိမြင့်တက်ခသည်ဟု ကျေးရွာသားများ၏ ပြောပြချက်အရ သိရသည်။