APM၊ ဂျူလိုင် ၉/ ၂၀၂၃
ကချင်လွပ်လပ်ရီးတပ်မတော် (KIA) ဌာနချုပ်တည်ရာ လိုင်ဇာမြို့နားဟိ နန်ဆန်ယန်ရွာအနားတဝိုက်တွင် ဒေနိ ဂျူလိုင် ၉ရက်နိအထိ မြန်မာစစ်တပ်နန့် KIAရို့အကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနီပြီး မြန်မာစစ်တပ်ဖက်က ပစ်ခတ် လိုက်သည့်လက်နက်ကြီးများ လိုင်ဇာမြို့နားသို့ ကျရောက်ပေါက်ကွဲမှုများဟိကြောင်း သိရသည်။
ဂျူလိုင် ၈ ရက်နိ၊ ညဇာ ၈နာရီလောက်က မြန်မာစစ်တပ်သည် လိုင်ဇာမြို့နန့် ၆ မိုင်လောက်ရာ ကွာဝီးသည့် နန်ဆန်ယန်ရွာအနားတဝိုက်ကို ရဟတ်ယာဉ်တစီးနန့် လာရောက်ဗုံး ကြဲတိုက်ခိုက်ခပြီး လိုင်ဇာမြို့ဖက်သို့လေ့ နိတိုင်းပိုင်လက်နက်ကြီးများနန့် ဆက်တိုက်ပစ်ခတ်နီကြောင်း ဒေသခံများက ပြောသည်။
အလားတူ ဂျူလိုင် ၈ရက်နိက မိုးမောက်မြို့နယ်၊ဒေါ့ဖုန်းယန်ကျေးရွာနားတွင် မြန်မာစစ်တပ်နန့် KIAရို့အကြား တိုက်ပွဲ ဖြစ်ပွားခပိုင် ဖားကန့်မြို့နယ်၊ ရှဒူးဇွပ်ကျေးရွာနား စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်စခန်းကို KIA ဖက်မှ တိုက်ခိုက်မှု များဟိခသည်ဟု ဒေသခံများက ဆိုသည်။
နမ်ဆန်ယန်ကျေးရွာနားကတိုက်ပွဲများကြောင့် ဒေသခံ ၁ထောင်ကျော် မြစ်ကြီးနား၊ ဝိုင်းမော်၊လိုင်ဇာမြို့များသို့ ထွက်ဗြီးတိမ်း ယှောင်နီရကတ်ရသည်။
နမ်ဆန်ယန်သို့ မြန်မာစစ်တပ်သည် မြစ်ကြီးနားဖက်က စစ်ကြောင်းတကြောင်း၊ ရွေကူမြို့ဖက်က စစ်ကြောင်းတကြောင်းနန့် ထိုးစစ်ဆင်နီကြောင်း သိရသည်။
“မြန်မာစစ်တပ်ဖက်က စစ်ကြောင်းထိုးပြီး တပ်ဆုတ်ခြင်းမဟိပါက တိုက်ပွဲများပို၍ ပြင်းထန်လာနိုင်ပြီး အချိန်ကြာမြင့်နိုင် ကြောင်း၊ ပြည်သူများ အနီနန့် သတိထားလာရန်နန့် ရိက္ခာများ ကြိုတင်ပြင်ဆင်ထားကတ်ရန်လိုကြောင်း” KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူကသတိပီးပြောဆိုထားသည်။
Photo – Kachin Waves