APM၊ ဂျူလိုင် ၉/၂၀၂၂
ထိုင်း-ကရင်နယ်စပ်မှာ ကျဆုံးလားခသည့် ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင် ၆ ဦးအား “အာဇာနည်သူရဲ ကောင်းများ” အဖြစ်လေးနက်စွာ အသိအမှတ်ပြုကြောင်း ဂျူလိုင် ၆ ရက်နိပီးပို့သည့် ရက္ခိုင်အစည်းအရုံး (ဂျပန်)၏ ဝမ်းနည်းကြောင်းသဝဏ်လွှာ၌ ဖော်ပြထားသည်။
ရက္ခိုင်အစည်း အရုံး(ဂျပန်)၏ ဝမ်းနည်းကြောင်းသဝဏ်လွှာ၌ “၂၀၂၂ခုနှစ်၊ ဂျူလိုင် (၄) ရက်နိ၊နိခင်း (၁၂) နာရီ (၂၅) မိနစ်တွင် မြန်မာ-ထိုင်း နယ်စပ်နား၊ ကရင်ပြည်၊KNLA တပ်မဟာ(၅)ဧရိယာထဲက ရက္ခိုင့်တပ် တော်၏တပ်စခန်းတခုအား စစ်ကောင်စီတပ်မှ တစုံတရာ တိုက်ပွဲဖြစ်ပွားမှုမဟိပါဘဲ ဂျက်တိုက်လီယာဉ် (၂)စီးနန့် အကြောင်းမဲ့လီကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရက္ခိုင့်တပ်တော်AA တပ်ဖွဲ့ဝင် ၆ဦးကျဆုံး ပြီးထိခိုက်ဒဏ်ရာရမှုတချို့ဟိခသည်ဟု ကြားသိရကြောင်း၊ယင်းသို့ အာရက္ခနိုင်ငံတော်အတွက်အသက် ပီးစွန့်လွှတ်ခကတ်သော ရဲဘော်များအား မိမိရို ရက္ခိုင်အစည်းအရုံး(ဂျပန်)မှအာဇာနည်သူရဲကောင်းများ အဖြစ် လေးနက်စွာအသိမှတ်ပြုပြီး၊ မပြီးဆုံးသိမ့်သောတော်လှန်ရီးတာဝန်များကို အောင်မြင်သည်အထိ ပူးပေါင်းဆောင်ရွက်လားမည်”ဟု ဖော်ပြပါဟိသည်။
ယင်းအပြင် “အာရက္ခနိုင်ငံတော်လွတ်မြောက်ရေးအတွက်တာဝန်ထမ်းဆောင်ယင်း တိုင်းပြည်နန့် လူမျိုး အတွက် အသက်ပီးစွန့်လွှတ်ခရသည့် တပ်ဖွဲ့ဝင်(၆)ဦးအား ၎င်းရို့မိသားစုဝင်များ၊၎င်းရို့၏မိခင်အဖွဲ့ စည်း ဖြစ်သည့် ရက္ခိုင့်တပ်တော် (AA) မှ ရဲဘော်ရဲဖက်များနန့် ထပ်တူထပ်မျှ အထူးပင် ဝမ်းနည်းကြီကွဲရပါ ကြောင်း နန့် လွတ်လပ်သော အာရက္ခနိုင်ငံတော်၌ တဖန်ပြန်၍ မွီးဖွားရှင်သန်နိုင်ပါစီဟု ဆုမွန်ကောင်း တောင်းပါကြောင်း” ရက္ခိုင်အစည်းအရုံး(ဂျပန်)၏ သဝဏ်လွှာတွင် ဖော်ပြထားပါသည်။
(Zawgyi)
ထိုင္း-ကရင္နယ္စပ္မွာ က်ဆုံးလားခသည့္ ရကၡိဳင့္တပ္ေတာ္ AA တပ္ဖြဲ႕ဝင္ ၆ ေယာက္အား “အာဇာနည္ သူရဲေကာင္းမ်ား” အျဖစ္ ေလးနက္စြာ အသိအမွတ္ျပဳေၾကာင္း ရကၡိဳင္အစည္းအ႐ုံး(ဂ်ပန္)ထုတ္ျပန္ထား
APM၊ ဂ်ဴလိုင္ ၉/၂၀၂၂
ထိုင္း-ကရင္နယ္စပ္မွာ က်ဆုံးလားခသည့္ ရကၡိဳင့္တပ္ေတာ္ AA တပ္ဖြဲ႕ဝင္ ၆ ဦးအား “အာဇာနည္သူရဲ ေကာင္းမ်ား” အျဖစ္ေလးနက္စြာ အသိအမွတ္ျပဳေၾကာင္း ဂ်ဴလိုင္ ၆ ရက္နိပီးပို႔သည့္ ရကၡိဳင္အစည္းအ႐ုံး (ဂ်ပန္)၏ ဝမ္းနည္းေၾကာင္းသဝဏ္လႊာ၌ ေဖာ္ျပထားသည္။
ရကၡိဳင္အစည္း အ႐ုံး(ဂ်ပန္)၏ ဝမ္းနည္းေၾကာင္းသဝဏ္လႊာ၌ “၂၀၂၂ခုႏွစ္၊ ဂ်ဴလိုင္ (၄) ရက္နိ၊နိခင္း (၁၂) နာရီ (၂၅) မိနစ္တြင္ ျမန္မာ-ထိုင္း နယ္စပ္နား၊ ကရင္ျပည္၊KNLA တပ္မဟာ(၅)ဧရိယာထဲက ရကၡိဳင့္တပ္ ေတာ္၏တပ္စခန္းတခုအား စစ္ေကာင္စီတပ္မွ တစုံတရာ တိုက္ပြဲျဖစ္ပြားမႈမဟိပါဘဲ ဂ်က္တိုက္လီယာဥ္ (၂)စီးနန႔္ အေၾကာင္းမဲ့လီေၾကာင္းကဗုံးႀကဲတိုက္ခိုက္မႈေၾကာင့္ ရကၡိဳင့္တပ္ေတာ္AA တပ္ဖြဲ႕ဝင္ ၆ဦးက်ဆုံး ၿပီးထိခိုက္ဒဏ္ရာရမႈတခ်ိဳ႕ဟိခသည္ဟု ၾကားသိရေၾကာင္း၊ယင္းသို႔ အာရကၡႏိုင္ငံေတာ္အတြက္အသက္ ပီးစြန႔္လႊတ္ခကတ္ေသာ ရဲေဘာ္မ်ားအား မိမိ႐ို ရကၡိဳင္အစည္းအ႐ုံး(ဂ်ပန္)မွအာဇာနည္သူရဲေကာင္းမ်ား အျဖစ္ ေလးနက္စြာအသိမွတ္ျပဳၿပီး၊ မၿပီးဆုံးသိမ့္ေသာေတာ္လွန္ရီးတာဝန္မ်ားကို ေအာင္ျမင္သည္အထိ ပူးေပါင္းေဆာင္႐ြက္လားမည္”ဟု ေဖာ္ျပပါဟိသည္။
ယင္းအျပင္ “အာရကၡႏိုင္ငံေတာ္လြတ္ေျမာက္ေရးအတြက္တာဝန္ထမ္းေဆာင္ယင္း တိုင္းျပည္နန႔္ လူမ်ိဳး အတြက္ အသက္ပီးစြန႔္လႊတ္ခရသည့္ တပ္ဖြဲ႕ဝင္(၆)ဦးအား ၎႐ို႕မိသားစုဝင္မ်ား၊၎႐ို႕၏မိခင္အဖြဲ႕ စည္း ျဖစ္သည့္ ရကၡိဳင့္တပ္ေတာ္ (AA) မွ ရဲေဘာ္ရဲဖက္မ်ားနန႔္ ထပ္တူထပ္မွ် အထူးပင္ ဝမ္းနည္းႀကီကြဲရပါ ေၾကာင္း နန႔္ လြတ္လပ္ေသာ အာရကၡႏိုင္ငံေတာ္၌ တဖန္ျပန္၍ မြီးဖြားရွင္သန္ႏိုင္ပါစီဟု ဆုမြန္ေကာင္း ေတာင္းပါေၾကာင္း” ရကၡိဳင္အစည္းအ႐ုံး(ဂ်ပန္)၏ သဝဏ္လႊာတြင္ ေဖာ္ျပထားပါသည္။

