APM၊ ဂျူလိုင် ၉/၂၀၂၂
ရက္ခိုင့်တပ်တော် AA ကို ရိက္ခာထောက်ပံ့သည်ဆိုကာ မြောက်ဦးဒေသခံတယောက် ကို ဂျူလိုင် ၆ ရက်နိမှာ စစ်တွေခရိုင်တရားရုံးကအကြမ်းဖက်မှုတိုက်ဖျက်ရီးဥပဒေပုဒ်မနန့်ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်သည်ဟု သိရ သည်။
မတရားထောင်ဒဏ်ချမှတ်ခံရသူမှာမြောက်ဦးမြို့နယ်၊ဘုရားကြီးချောင်းနားရွာကကိုတင်မောင်စိုး(၂၅နှစ်)ဖြစ်ပြီးသူ့ကို ကုန်ခသည့် ၂၀၂၀ပြည့်နှစ်၊ မာ့ချ်လကပင် မြောက်ဦးမှ ရသေ့တောင်သို့အလား “ပုဏ္ဏားကျွန်း- ရသေ့ တောင်” ကားလမ်းထက်မှာ ဖမ်းဆီးခခြင်းဖြစ်သည်။
ယင်းနောက် သူ့ကို ရက္ခိုင့်တပ်တော် AA နန့် ဆက်စပ်သည်ဟုဆိုကာ ပုဏ္ဏားကျွန်း အခြီစိုက် စစ်ကောင်စီတပ် ခမရ (၅၅၀) တပ်ရင်းမှဗိုလ်ဟိန်းမိုးအောင် တရားလိုလုပ်၍ အကြမ်းဖျက်မှုတိုက်ဖျက်ရီး ဥပဒေ ပုဒ်မ ၅၀(ည)၊ ၅၂(က)နန့် တရားစွဲဆိုခသည်။
ကိုတင်မောင်စိုးအား စီရင်ချက်ချမှတ်ရာ၌ ကနဦးစွဲဆိုထားသည့် ပုဒ်မ ၅၀(ည)နန့် ငြိစွမ်းမှုမဟိဆိုကာ ယင်း ၅၀(ည)ကို ပယ်ဖျက်ပြီး၊ “ရက္ခိုင့်တပ်တော် AA ကို ရိက္ခာထောက်ပံ့သည်”ဆိုကာ အကြမ်းဖျက်မှုတိုက်ဖျက်ရီး ဥပဒေ ပုဒ်မ ၅၂(က)နန့် ထောင်ဒဏ် ၃ နှစ်ချ မှတ်လိုက်ခြင်းဖြစ်သည်။
ကိုတင်မောင်စိုးကို စီရင်ချက်ချသည့် (ဂျူလိုင် ၆ ရက်နိ) တရက်ထဲမှာပင် AAနန့်ဆက်စပ်သံသယဖြင့် မတရား ဖမ်းဆီး၍ စစ်ရီယာဥ်ထက်မှာ ရက်ရက်စက်စက်သတ်ပုတ်ရိုက်နှက်ပြီး အကြမ်းဖက်မှုတိုက် ဖျက်ရီး ဥပဒေပုဒ်မ နန့်တရားစွဲခံထားရသော ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ရွာသား ၅ ယောက်ကိုလေ့ စစ်တွေခရိုင်တရားရုံး က ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခသိမ့်သည်။
မြန်မာအစိုးရသည် ၂၀၂၀ပြည့်နှစ်၊ မာ့ချ် ၂၃ ရက်နိမှာ ရက္ခိုင့်တပ်တော် AA ကိုအကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခပြီး၊ စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ မာ့ချ် ၁၁ ရက်နိမှာ AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ပယ်ဖျက် ပီးခသည်။
AAကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ပယ်ဖျက်လိုက်သည့်အတွက်အယင်က မတရားဖမ်းဆီး၍ အကြမ်းဖက် မှုဥပဒေပုဒ်မများ နန့် တရားစွဲခံထားသူများကို ပြန်လွှတ်ပီးဖို့မျှော်လင့်ခကတ်ကေလေ့ ပြန်လွှတ်မပီးဘဲ AA နန့် ဆက်စပ်သံသယဖြင့် ဖမ်းထားသူများကို အကြမ်းဖက်မှုပုဒ်မများနန့်ရာ တသိတမင် ဆက်တိုက်စီရင်ချက်ချနီ ကြောင်း သိဟိရသည်။
(Zawgyi)
AAကို ရိက္ခာထောက်ပံ့သည်ဆိုကာ မြောက်ဦးဒေသခံတယောက်ကို စစ်တွေခရိုင်တရားရုံးက အကြမ်းဖက်မှု နန့် ထောင် ၃ နှစ် ချမှတ်၊ AAကို အကြမ်းဖက်အဖြစ်က ရုပ်သိမ်းထားကေလေ့ AAနန့် ဆက်စပ်သူများကို အကြမ်းဖက်မှု နန့် ဆက်တိုက် ထောင် ချနီ
APM၊ ဂျူလိုင် ၉/၂၀၂၂
မတရားထောင်ဒဏ်ချမှတ်ခံရသူမှာမြောက်ဦးမြို့နယ်၊ဘုရားကြီးချောင်းနားရွာကကိုတင်မောင်စိုး(၂၅နှစ်)ဖြစ်ပြီးသူ့ကို ကုန်ခသည့် ၂၀၂၀ပြည့်နှစ်၊ မာ့ခ်ျလကပင်မြောက်ဦးမှ ရသေ့တောင်သို့အလား “ပုဏ္ဏားကျွန်း- ရသေ့ တောင်” ကားလမ်းထက်မှာ ဖမ်းဆီးခခြင်းဖြစ်သည်။
မြန်မာအစိုးရသည် ၂၀၂၀ပြည့်နှစ်၊ မာ့ခ်ျ ၂၃ ရက်နိမှာ ရက္ခိုင့်တပ်တော် AA ကိုအကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခပြီး၊ စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ မာ့ခ်ျ ၁၁ ရက်နိမှာ AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ပယ်ဖျက် ပီးခသည်။