
APM ၊ ဂျုန် ၉ / ၂၀၂၃
မုန်တိုင်းကြောင့် တရွာလုံးပျက်စီးဆုံးယှုံးလားခရသည့် ပုဏ္ဏားကျွန်းမြို့နယ် မော်ရွာကျေးရွာတွင် လက်ဟိ၌ နီထိုင်စားသောက်ရီး အခက်အခဲများနန့် ဆိုးဆိုးဝါးဝါးရင်ဆိုင်နီရကြောင်းသိရသည်။
ယင်းမော်ရွာကျေးရွာတွင် အိမ်ခြီ ၁၀၀ လောက်ဟိပြီး မေ၁၄ ရက်နိကတိုက်ခတ်ခသည့် Mocha ဆိုင်ကလုန်းမုန်တိုင်း ကြောင့် နီအိမ် ၉၆ ဆောင် ပျက်စီးလားသည့်အပြင် ဘုန်းကြီးကျောင်း၊ ကျောင်းဓမ္မာရုံ၊ စာသင်ကျောင်းများလေ့ အား လုံးပျက်စီးလားခရသည်။
ယင်းအပြင် တပိုင်တနိုင် စားသောက်ရန်စုဆောင်းထားသည့် ဝမ်းစာဆန်စပါးများနန့် သီးနှံစိုက်ခင်းများမှာလေ့ မုန်တိုင်း ကြောင့် ပျက်စီးဆုံးယှုံးခရသည်ဟု ရွာသားများကပြောသည်။
လက်ဟိအချိန်ထိ ပြိုပျက်လားသည့် နီအိမ်များကို ပြန်မဆောက်နိုင်သိမ့်ဘဲ ဖြစ်တေပိုင် ခိုလှုံနီရကတ်ရပြီး စားဝတ်နီရီး အခက်အခဲများစွာနန့် ရင်ဆိုင်နီကတ်ရသည်ဟုဆိုသည်။
ယင်းအပြင် သောက်သုံးရီကန်များမှာလေ့ မုန်တိုင်းကြောင့် ပင်လယ်ရီဝင်ရောက်လာခပြီးနောက် မသန့်ယှင်းသည့် ရီကို သောက်သုံးနီကတ်ရပြီး ရွာသားများမှာ ကျန်းမာရီးထိခိုက်လာနီကတ်ကြောင်း သိရသည်။
လက်ဟိတွင် ရက္ခိုင်ပြည်ဟိ မုန်တိုင်းသင့်ပြည်သူများအား အရေးပေါ်ကူညီထောက်ပံ့ပီးနီကတ်သည့် ကယ်ဆယ်ရီးအဖွဲ့ အစည်းများအားလုံးကို စစ်ကောင်စီက ရပ်ဆိုင်းလိုက်၍မုန်တိုင်းသင့်ပြည်သူများမှာ ပိုလို့ဒုက္ခရောက်နီကတ်ရသည်။
ကုန်ခသည့် မေ ၁၄ ရက်နိက ဝင်ရောက်တိုက်ခတ်ခသည့် Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင်း ရက္ခိုင်တွင် နီအိမ်စုစုပေါင်း ၂၁၆၆၈၁ ဆောင်ပျက်စီးလားပြီး မုန်တိုင်းသင့်ပြည်သူများမှာ ပြန်လည်ထူထောင်ရန် အခက်ကြုံနီကတ်ကြောင်း သိရသည်။

