APM၊ ဂျုန် ၉ / ၂၀၂၃
ဒေနိ (ဂျုန် ၉ ရက်နိ)ညဇာ ၃နာရီအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အရှိမြောက်ပိုင်းတွင် ဖြစ်ပေါ်နီသည့် လီဖိအားနည်းရပ်ဝန်းသည် နောက် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာပြီး၊ အား ကောင်းသည့်လီဖိအားနည်းရပ်ဝန်း အဖြစ်သို့ ရောက်ဟိကာ မြန်မာပြည်အနှံ့အပြား မိုးပြင်းလီပြင်းတိုက်ခတ်နိုင်ကြောင်း မိုးလီဝသနန့် ဇလဗေဒဦးစီးဌာန (မိုး/ဇလ)က ထုတ်ပြန်သည်။
အဆိုပါ အားကောင်းသည့် လီဖိအားနည်းရပ်ဝန်းကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်နီ၊ ကချင်၊ သျှမ်း(မြောက်ပိုင်း)၊ မွန်နန့် တခြားဒေသများတွင် နီရာအနှံ့အပြား မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်သည်ဟုဆို သည်။
အလားတူ ရက္ခိုင်၊ ချင်း၊ ကယား၊ ကရင်၊ မွန်၊ သျှမ်း၊ ရန်ကုန်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ဧရာဝတီနန့် တနင်္သာရီ ဒေသရို့တွင် မိုးတိမ်တောင်ဖြစ်ထွန်းမှုအားကောင်းနီပြီး မိုးတိမ်တောင်များ ရွိလျားရာလမ်းတလျောက် မိုးပြင်းလီပြင်း တိုက်ခတ်နိုင်သည်ဟု သိရသည်။
မိုးပြင်းလီပြင်းတိုက်ခတ်ခြင်းနန့်တတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနန့် မိုးသီးကြွီခြင်းများစသည့် မိုးလီဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်၍ ကြိုတင်သတိပြုကတ်ရန် သတိပီးထားသည်။
မိုးပြင်းလီပြင်းကျရောက်စဉ် ရီပြင်မြီပြင် လီသည်တနာရီကို မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး မြန်မာကမ်းရိုးတန်းနန့် ကမ်းလွန်ပင်လယ်ပြင်ရို့တွင်လေ့ လှိုင်းအမြင့်ပေ ၉ ပေမှ ၁၂ ပေခန့် မြင့်တက်နိုင်ကြောင်း သိဟိရသည်။
Photo – မိုး/ဇလ