
APM ၊ ဂျုန် ၉ / ၂၀၂၃
ဒေနှစ် (၂၀၂၃ ခုနှစ်) တက္ကသိုလ်ဝင်စာမိန်းပွဲကို ရက္ခိုင်တပြည်လုံးအ တိုင်းအတာနန့် ၅၈.၈၆ ရာခိုင်နှုန်းအောင်မြင်ကြောင်း ပညာရီးဝန်ကြီး ဌာနက သိရသည်။
တက္ကသိုလ်ဝင် စာမိန်းပွဲ အောင်စာရင်းများကို ဒေနိ(ဂျုန် ၉ ရက်နိ) မိုးထက သက်ဆိုင်ရာမြိုနယ်အသီးသီးဟိ စာစစ်ဌာနသီး သီးတွင် ထုတ်ပြန် ကြေညာခပြီး ရက္ခိုင်တွင် စာမိန်းပွဲဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူ ၁၆၉၂၈ ယောက် ဟိသည့်အထဲမှ ၉၉၆၄ ယောက်အောင်မြင်ခသည် ဟုဆိုသည်။
အောင်ချက်ရာခိုင်နှုန်းမှာလေ့ ၅၈.၈၆ ရာခိုင်နှုန်းဟိခပြီး ကုန်ခသည့် ၂၀၂၂ ခုနှစ်ကထက် ၁၁.၆၁ ရာခိုင်နှုန်း တိုးလာကြောင်း တွိရသည်။
ကုန်ခသည့် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမိန်းပွဲကို ရက္ခိုင်တပြည်လုံးအတိုင်းအတာနန့် ကျောင်းသား/ ကျောင်းသူ ၄၁၇၅၅ ယောက်ဝင်ရောက်ဖြေဆိုခပြီး ၁၉၇၂၉ ယောက်အောင်မြင်ခကာ အောင်ချက် ရာခိုင်နှုန်း ၄၇.၂၅ ရာခိုင်းနှုန်း ဟိခ ကြောင်း သိရသည်။
Photo – ပညာရီးဝန်ကြီးဌာန
