APM၊ ဂျုန် ၉/၂၀၂၂
ပလက်ဝမြို့၊ မြို့မရပ်ကွက်က ရာအိမ်မှူးတယောက်ကို စစ်ကောင်စီတပ်က ဂျုန် ၈ ရက်နိ ညည့် ၈ နာရီကျော် လောက်မှာ ဖမ်းဆီးလားပြန်ကြောင်း ဒေသခံများက ပြောသည်။
အဖမ်းခံရသူ ရာအိမ်မှူးမှာ ဦးမောင်ဝင်း( ၆၀ နှစ်) ဖြစ်ပြီး သူ့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၂ဝ ကျော်လောက်က စစ်ကားတစီးနန့် ပလက်ဝအခြီစိုက် ခလရ (၂၈၉) တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်လားခသည်ဟု သိရသည်။
“သူ့ကို ခလရ (၂၈၉) သို့ ဖမ်းယူလားခပါရေ။ ဇာကြောင့်ဖမ်းမှန်းလေ့ မသိရပါ။ ကုန်ခရေ ဂျုန် ၄ ရက်နိကလေ့ တယောက်ဖမ်းထားသိမ့်ရေ။ အဂုဆိုကေ တပတ်အတွင်း ပလက်ဝမြို့ကအဖမ်းခံရလူ ၂ ယောက်ဟိနီပါဗျာယ်”ဟု ဒေသခံတယောက်က ဆိုသည်။
ကုန်ခသည့် ဂျုန် ၄ ရက်နိက ပလက်ဝမြို့၊ ပလုတ်တောင်ရပ်ကွက်မှ ဦးမဲကျော့ကို စစ်ကောင်စီတပ်က ဖမ်းခေါ် လားခပြီး အဂုအချိန်အထိ မိသားစုနန့် အဆက်အသွယ်မရသိမ့်ဟု သိရသည်။
ပြီးခသည့် မေ ၃၀ ရက်နိကလေ့ ပလက်ဝမြို့နယ်၊ အဘောင်သားရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၆၀ ခန့် ဝင်ရောက်ပြီး ရွာသားများကို ရိုက်နှက်၍ ဖုန်းများကိုသိမ်းယူစစ်ဆီးကာ အချေများ၊ အမျိုးသမီးများနန့် သက်ကြီးရွယ်အိုများ အပါအဝင် ရွာသားအားလုံးနီပါးကို ဆူးပုပ်တောင်သို့ ဖမ်းခေါ်လားခသည်ဟုလေ့ သိဟိရသည်။
