APM၊ ဂျုန် ၉/၂၀၂၂
အမ်းမြို့၊ အမှတ် ၅ရပ်ကွက်က စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရီးမှုး ဦးချစ်ဇော်ဝင်း(ခ)ဦးပိုင်ပိုင်သည် ဒေနိ(ဂျုန် ၉ ရက်နိ) မိုးထ ၉ နာရီလောက်မှာ ဓားထိုးဒဏ်ရာ (၂၂) ချက်နန့် သီဆုံးနီကြောင်း သိရသည်။
အသတ်ခံလိုက်ရသည့် ရပ်ကွက်အုပ်ချုပ်ရီးမှူးဦးချစ်ဇော်ဝင်းမှာ အမ်းမြို့ အမှတ် ၄ ရပ်ကွက်နန့် အမှတ် ၅ ရပ်ကွက်ကို ပူးတွဲ အုပ်ချုပ်နီသော အုပ်ချုပ်ရီးမှူးဖြစ်ပြီး အမှတ် ၅ ရပ်ကွက်၊ စစ်မှုထမ်းဟောင်းရုံးနန့် စွယ်တော် ဘုန်းကြီးကျောင်း အကြားမှာ အသတ်ခံထားရကြောင်း ဒေသခံများက ပြောသည်။
“အသတ်ခံရစွာက မိုးထ ၉ နာရီလောက်မှာပါ။ ဇာသူရို့ သတ်တေဆိုစွာကိုတော့ မသိရပါသိမ်း။ တရားခံကိုလေ့ ဖမ်းလို့ မရပါသိမ့်”ဟု အမ်းမြို့ခံတယောက်က ဆိုသည်။
ဓားထိုးခံရမှုကြောင့် ဦးချစ်ဇော်ဝင်း၏ ဘယ်ဘက်ရင်ညွန့်အောက်ထိုးသွင်းဒဏ်ရာ(၁၁)ချက်၊ ဘယ်ဘက်ရင်ညွန့် အထက် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ဘယ်ဘက်ညှပ်ရိုးအထက် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ညာဘက်ရင်ညွန့်အထက် ထိုးသွင်းဒဏ်ရာ (၃)ချက်၊ နောက်ကုန်းညာဘက်အခြမ်း ထိုးသွင်းဒဏ်ရာ (၅)ချက်၊ နောက်ကုန်းဘယ်ဘက်အခြမ်း ထိုးသွင်းဒဏ်ရာ(၁)ချက်၊ စုစုပေါင်း ဒဏ်ရာ(၂၂)ချက်နန့် ယင်းနီရာမှာပင် ပွဲချင်းပြီး သီဆုံးလားခြင်းဖြစ်ကြောင်း သိရသည်။
အုပ်ချုပ်ရီးမှူးမလုပ်ခင်က စစ်တပ်သတင်းပီးနာမည်ထွက်နီခသူ ဦးချစ်ဇော်ဝင်းမှာ စစ်အာဏာမသိမ်းခင်က မှုခင်းသတင်း ထောက်အဖြစ်လုပ်ကိုင်ခပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီက ရပ်ကွက်အုပ်ချုပ်ရီးမှူး ခန့်လိုက်ခြင်းဖြစ်သည်။
အမ်းမြို့သည် စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရုံးစိုက်ရာ မြို့ဖြစ်ပြီး ယင်းမြို့တွင် အဂုပိုင် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရီးမှူးတယောက် အသတ်ခံရမှုကြောင့် ဒေသခံများအကြား စိုးရိမ်ထိတ်လန့်လျက် ဟိကြောင်းသိရသည်။

