
APM ၊ မေ ၉/၂၀၂၅
ဆရာကြီး ဦးဦးလှစော(ခ)မောင်ခိုင်အောင်(စစ်တွေ) ၏ စျာပနအခမ်းအနားသို့ ဂုဏ်ပြုဝမ်းနည်းသဝဏ်လွှာ ပီးပို့သူရို့အားလုံးကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က အထူးကျေးဇူးတင်ကြောင်း ဒေနိ(မေ ၉ ရက်နိ)မာ ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်အတွင်း “ရက္ခိုင်နိုင်ငံရီး၊ တော်လှန်ရီးသမား၊ တက္ကသိုလ်ကျောင်းသား၊ စာပီအနုပညာသမား အာရက္ခပြည်သားတဦးဖြစ်သူ ဦးဦးလှစော(ခ)မောင်ခိုင်အောင်(စစ်တွေ)၏ စျာပန အခမ်းအနားသို့ ဝမ်းနည်းသဝဏ်လွှာ၊ ဂုဏ်ပြုသဝဏ်လွှာ၊ အောက်မိပန်းဂွေ(လွမ်းသူ့ပန်းခွီ)၊ ဂုဏ်ပြုစာ၊ ဂုဏ်ပြုကဗျာ၊ သတင်းစကားပါး၊ သတင်းမိန်းသူများအပြင် အမှတ်တရစကား ဂုဏ်ပြုစကားများ၊ ပြောပီးကတ်ပါသော အနယ်နယ်အရပ်ရပ်က မိတ်ဆွီဟောင်းများ၊ ရဲဖော်ရဲဖက်များ၊ လုပ်ဖော်ကိုင်ဖက်များ၊ တပည့်တပန်းများ၊ ညီနောင်မဟာမိတ်အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ အပါအဝင် ဆရာကြီး ဦးဦးလှစောအပေါ် ချစ်သူ ခင်သူ တန်ဖိုးထားသူများ ၊ သူ၏ နိုင်ငံတကာ မိတ်ဆွေ၊ နိုင်ငံတကာအဖွဲ့အစည်းများအားလုံးကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှ အထူးကျေးဇူးတင်ဟိပါသည်” လို့ ဖော်ပြထားပါရေ။
ဆရာကြီးရေ ၂၀၂၅ ခုနှစ်၊ မေလ ၅ ရက်၊ တလင်းလာနိ၊ ညည့် (၁၁)နာရီ(၂၀)မိနစ်မာ လိုင်ခြောင်းကင်ဆာ(Ca Pharynx)ကင်ဆာ နောက်ဆက်တွဲပြဿနာတိကြောင့် အသက် (၇၂ နှစ်)အရွယ်မာ ဆုံးပါးပနာ ဘဝတပါးသို့ ကူးပြောင်းလားခပါရေ။
ဒေဂုပိုင် ဆရာကြီး ကွယ်လွန်လားရေအတွက် ရက္ခိုင်နိုင်ငံရီး၊ တော်လှန်ရီး လောက၊ ရက္ခိုင်စာပီလောက၊ ရက္ခိုင်ပြည်သူလူထုများအပြင် မြန်မာ့နိုင်ငံရီးနန့် တော်လှန်ရီး အသိုင်းအဝိုင်းကပါ ဝမ်းနည်းကြီကွဲရပါကြောင်း လူမှုကွန်ရက်မာဖော်ပြထားကတ်ပါရေ။
