
APM ၊ မေ ၉ / ၂၀၂၃
မြန်မာစစ်တပ်ကဖမ်းယူလားခပြီး စစ်ပုန်ကန်မှုဥပဒေပုဒ်မ ၁၃၁၊ မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁)စသည့် ပုဒ်မနှစ်ခုနန့် တရားစွဲ ခံထားရသည့်ကျောက်တော်မြို့နယ်က ဆန်စက်ပိုင်သျှင်အမှုကို မေ ၈ ရက်နိတွင် စစ်တွေမြို့နယ် တရားရုံး၌ ရုံးထုတ်ခ ကေလေ့ တရား လိုထပ်ပျက်ပြန်ရ၍ ရုံးချိန်းထပ်ရွှိလိုက်ရပြန်ကြောင်း သိရသည်။
ပုဒ်မနှစ်ခုနန့် တရားစွဲခံထားရသည့် ဆန်စက်ပိုင်သျှင်မှာ ကျောက်တော်မြို့နယ်၊ ကာဒီရွာ (ခ) သဇင်ရွာမှ ဦးလှမောင်သန်း (၄၃နှစ်) ဖြစ်သည်။
အမှုကို မေ ၈ ရက်နိ၌ ရုံးထုတ်ခကေလေ့ တရားလိုထပ်ပျက်ကွက်ပြန်၍ လာမည့် မေ ၁၅ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်ရကာ ယင်းသို့ရုံးချိန်းရွှိခံနီရသည်မှာ (၁၀)ကြိမ်ထက်မနည်းဟိနီပြီးဖြစ်သည်။
ဦးလှမောင်သန်းကို ကုန်ခသည့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂ ရက်နိက ကန်စောက်အခြီစိုက် မြန်မာစစ်တပ် ခမရ (၅၃၉) တပ်ရင်းမှူးမှ ဖုန်းဆက်ခေါ်၍ လားရောက်ရာမှ ပြန်မလွှတ်ဘဲ ဖမ်း ထားလိုက်ခြင်း ဖြစ်သည်။
ယင်းနောက် သူ့ကို ပုဒ်မ ၁၇(၁)နန့် တရားစွဲဆိုကာ ရုံးထုတ်စစ်ဆီးနီစဥ်အတွင်းမှာပင် ပုဒ်မ ၁၃၁ နန့်ပါ ထပ်တိုးတရား စွဲဆိုခပြီး ဆက်လက်ရုံးထုတ်စစ်ဆီးလျက်ဟိရာ တရားလိုမရောက်၍ ရုံးချိန်းအကြိမ်ကြိမ် ရွှိဆိုင်းခံနီရသည်။
ဦးလှမောင်သန်းအပါအဝင် ရက္ခိုင်ပြည်မြို့နယ် အသီး သီးမှ မြန်မာစစ်တပ်ဖမ်းဆီး တရားစွဲခံထားရ သူများ၏ အမှုများတွင်လေ့ မြန်မာစစ်တပ်ဖက်က တရားလိုများသည် တရားရုံးကို မထီမဲ့မြင်ပြုလျက် ရုံးချိန်း လာရောက်ခြင်းမဟိဘဲ အကြိမ်ကြိမ်ပျက်ကွက် နီသည်။
ယင်းသို့ တရားလိုဖက်မှ ရုံးချိန်းပျက်ကွက်နီ၍ စွပ်စွဲခံရသူအမှုသည်များတွင် ရုံးချိန်းလားရသည့် စရိတ်စခ အပါ အဝင် နစ်နာမှုများစွာဟိနီကာ အမှုကို အ ယင်စစ်ဆီးပြီး အပြစ်ဟိက ပြစ်ဒဏ်ချ၊ အပြစ်မဟိက အယင်ဆုံး ပြန်လွှတ် ပီးစီချင်ကြောင်း စွပ်စွဲခံရသူများ၏ မိသားစုဝင်များက တောင်းဆိုနီကတ်သည်။
