APM ၊ မေ ၉ / ၂၀၂၃
ရီးရဲနည်းပြအန်ဆယ်လော့တီက ဒေနိ(မေ ၉ ရက်) ညည့်တွင် ကဇတ်ရမည့် မန်စီးတီးအသင်းနန့် ချန်ပီယံလိဂ်ပွဲစဉ်အတွင်း ခြီစွမ်းပြနီသည့် ဟာလန်းကို ထိန်းချုပ်ဖို့ထက် မန်စီးတီးတသင်းလုံးကို ရပ်တန့်လားအောင် ယှဥ်ပြိုင်မည်ဟု ပြောကြား လိုက်ကြောင်း သိရသည်။
ရီးရဲနန့် မန်စီးတီးသည် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် ဒေနိညည့်တွင် ကဇတ်ရမည်ဖြစ်ပြီး “စိတ်ဓာတ် ပိုင်းဆိုင်ရာ အားသာချက်နန့်” ရင်ဆိုင်လားမည်ဟု အန်ဆယ်လောတီကဆိုသည်။
“ဒေနိ ကျနော်ရို့ အကောင်းဆုံးရလဒ်တခုရအောင် ကဇတ်လားရပါဖို့။ ယေမှလေ့ အဆုံးအဖြတ်ဖြစ်တေ ဒုတိယအကျော့မှာ မန်စီးတီးကို ဖိအားပီးနိုင်ပါဖို့” ဟု အန်ဆယ်လောတီ ပြောကြားခသည်။
ယင်းအပြင် ပရီးမီးယားလိဂ် သွင်းဂိုး ၃၅ ဂိုးကို သွင်းယူထားသည့် ဟာလန်းနန့်ပတ်သက်၍ ၎င်းက “မန်စီးတီး တိုက်စစ်မှူး အာလင်ဟာလန်းကို ရပ်တန့်ဖို့ အထူးအစီအစဥ် လုပ်ထားစွာမဟိပါ။ ကျနော်ရို့အနီနန့် ကတော့ မန်စီးတီးတသင်းလုံးကိုရာ ရပ်တန့်လားပါဖို့” ဟု ဆိုသည်။
ရီးရဲအသင်းသည် ပြီးခသည့် မေ ၆ ရက်နိက အိုဆာဆူနာအသင်းကို ၂-၁ ဂိုးနန့် အနိုင်ယူပြီး ကိုပါ ဒယ်ရေးဖလားကို ပူပူ လောင်လောင် ဆွတ်ခူးထားသည်။
Source – Rather than controlling one player, Ancelotti said he would stop the entire Manchester City team.
Photo – Reuters