APM ၊ မေ ၉ / ၂၀၂၃
ရက္ခိုင်ပြည်မြို့နယ်အသီးသီးဟိ စစ်ဖီးယှောင်များသည် လက်ဟိဖြစ်ပေါ်နီသည့် မိုချာမုန်တိုင်းဒဏ်ကို ကြိုတင်ကာကွယ်ရန် ငွေကြေးအပါအဝင် ဘက်ပေါင်းစုံမှ အခက်အခဲဖြစ်နီကတ်ရကြောင်း သိရသည်။
မိုးလီဝသနန့်ဇလဗေဒဦးစီးဌာန၏ဒေနိ(မေ၉ ရက်နိ) ညဇာ ၄ နာရီထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်အော်အရှိ တောင်ပိုင်း နန့် ယင်းနန့်ဆက်စပ်လျက်ဟိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းရို့တွင် ဖြစ်ပေါ်နီသည့် အားကောင်းသော လီဖိအားနည်း ရပ်ဝန်း သည် ဆက်လက်တည်ဟိနီပြီး နောက် ၆ နာရီအတွင်း မုန်တိုင်းချေ(Depression) အဖြစ်သို့ ရောက်ဟိနိုင်သည်ဟု ဆိုသည်။
ယင်းမှတဆင့် မေ ၁၀ ရက်နိတွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ဟိနိုင်သည်ဟု ခန့်မှန်းထားပြီး ယင်း ဆိုင်ကလုန်း မုန်တိုင်း (Cyclonic Storm)သည် ကနဦး မြောက်-အနောက်မြောက်ဖက်သို့ ရွိလျားရာမှ မေ ၁၁ ရက်နိတွင် ဘင်္ဂလားပင် လယ်အော်အရှိ အလယ်ပိုင်းသို့ ရောက်ရှိကာ ယင်းတဆင့် မြောက်- အရှိမြောက်ဖက်သို့ ကွေ့လျက် ဘင်္ဂလားဒေ့ချ်-ရက္ခိုင် ကမ်းရိုးတန်းသို့ ဝင်ရောက် လာမည်ဟု မိုးလီဝသပညာသျှင်များက ခန့်မှန်းထားသည်။
ယင်းသို့ ရက္ခိုင်ကမ်းရိုးတန်းသို့ မုန်တိုင်းဝင်ရောက်လာမည်ဟု မိုးလီဝသပညာသျှင်များက ခန့်မှန်းထားကေလေ့ ရက္ခိုင်ပြည် မြို့နယ်အသီးသီးမှ စစ်ဖီးယှောင်စခန်းများဟိ စစ်ဖီးယှောင်များမှာ မုန်တိုင်းဒဏ်ကို ကြိုတင်ကာကွယ်ရန် အခက်အခဲဖြစ်နီ ကတ်ရကြောင်း စစ်ဖီးယှောင်များက ပြောသည်။
ယင်းစစ်ဖီးယှောင်များ လက်ဟိခိုလှုံနီကတ်ရသည့် အဆောင်များမှာ မုန်တိုင်း ဝင်ရောက်တိုက်ခတ်လာပါက ရစရာမဟိ အောင် ပြိုကျပျက်စီးလားနိုင်ပြီး စစ်ဘေးရှောင်များမှာလေ့ နီစရာနီရာမဟိဘဲ အကြီးအကျယ်ဒုက္ခရောက်နိုင်သည်ဟု ဆို သည်။
လက်ဟိ၌ စစ်ဖီးယှောင်စခန်းအများစုတွင်လေ့ စားနပ်ရိက္ခာများပြတ်လပ်လျပ်ဟိပြီး စားနပ်ရိက္ခာများးကြိုတင်ဝယ်ယူ ထားရန်လေ့ ငွေကြေးမတတ်နိုင်သူကများသည်ဟု သိရသည်။
ရက္ခိုင်တွင် မြန်မာစစ်တပ်နန့် ရက္ခိုင့်တပ်တော်(AA)ရို့ အပစ်ရပ်ပြီးနောက်ပိုင်း စစ်ဖီးယှောင်တချို့နီရပ်ပြန်လားကေလေ့ လက်ဟိအချိန်ထိ နီရပ်မပြန်နိုင်သိမ့်သည့် စစ်ဖီးယှောင်ဦးရေ ၇ သောင်းကျော်ခန့်ဟိနီသိမ့်ကြောင်း သိဟိရသည်။