APM ၊ မေ ၉ / ၂၀၂၃
မြန်မာစစ်တပ်ကဖမ်းဆီးပြီးနောက် မြန်မာပြည်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅(က)၊ မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)စသည့် ပုဒ်မ နှစ်ခုနန့် တရားစွဲခံထားရသည့် မြောက်ဦးဒေသခံ ၃ ယောက်အမှုကို ဒေနိ(မေ ၉ ရက်နိ)တွင် မြောက်ဦးမြို့နယ်တရားရုံး၌ ရုံးထုတ်ခကေလေ့ လိုပြသက်သီများကိုမခေါ်ရသိမ့်ဟုဆိုကာ ရုံးချိန်းထပ်ရွှိလိုက်ကြောင်း သိရသည်။
ယင်းမြောက်ဦးဒေသခံ ၃ ယောက်မှာ မြောက်ဦးမြို့ ၊ ဗန္ဓုလရပ်ကွက်မှ ဦးကိုကိုညွန့်၊ ကျောက်ရာဇ်ကေရပ်ကွက်မှ ဦးကျော်ဝင်းလှိုင်၊ တိမ်ညိုကျေးရွာမှ ဦးပြည့်စုံဝင်းရို့ ဖြစ်ကတ်သည်။
အမှုကို ဒေနိတွင် မြောက်ဦးမြို့နယ်တရားရုံး၌ ရုံးထုတ်ခကေလေ့ တရားသူကြီးက လိုပြသက်သီများကိုမခေါ်ရသိမ့်ဟုရာ ပြောဆိုခကာ လာမည့် မေ ၁၆ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်ကြောင်း သိရသည်။
သူရို့ ၃ ယောက်အမှုတွင် ၅၀၅(က) အတွက် လိုပြသက်သီများအားလုံးကို စစ်ဆီးပြီးဖြစ်ကာ ၁၇(၁)အမှုတွင် လိုပြသက်သီ ၄ ယောက် စစ်ဆီးရန်ကျန်နီသိမ့်ပြီး အကြောင်းအမျိုးမျိုးပြလျက် အမှုကိုအပြီးမသတ်ပဲ ရုံချိန်းအကြိမ်ကြိမ်ရွှိနီသည်။
မြန်မာစစ်တပ်သည် ကုန်ခသည့် ၂၀၂၂ ခုနှစ် ဂျုန် ၂၂ ရက်နိတွင် ဦးကိုကိုညွန့်၊ ဦးကျော်ဝင်းလှိုင်နန့် ဦးပြည့်စုံဝင်း ရို့ကို ဖမ်းဆီးလားခသည်။
ယင်းနောက် ရက္ခိုင့်တပ်တော် AA နန့်ဆက်စပ်သည်ဟု မတရားစွပ်စွဲကာ စရဖ တပ်ဖွဲ့မှ ဗိုလ်ကြီးကျော်ကျော်မင်း တရားလိုလုပ်၍ မြောက်ဦးမြို့နယ်တရားရုံး၌ ပုဒ်မ ၂ ခုနန့် တရားစွဲထားခြင်း ဖြစ်သည်။
လက်ဟိတွင် သူရို့ ၃ ယောက်ကို မြောက်ဦး မြို့မရဲစခန်း၌ ထိန်းသိမ်းချုပ်နှောင် ထားကြောင်း သိရသည်။