
APM ၊ ဧပြီ ၉ /၂၀၂၄
ကျောက်ဖြူမြို့နယ်မာ ဧပြီ ၉ ရက်နိ၊ မိုးထကအကြမ်းဖက်စစ်ကောင်စီတပ်ထောင်ထားခရေ မိုင်းကိုနင်းမိလို့ ဒေသခံအရပ်သားပြည်သူတယောက် ခြီတဖက်ပြတ်ထွက်လားကြောင်းသိရပါရေ။
ခြီတဖက်ပြတ်ထွက်လားခရေလူမာ ကျောက်ဖြူမြို့နယ်၊ဂုံးချွိန်တိုက်နယ်၊ မလကျွန်းရွာက ဦးစိုးမင်းထွန်း(၄၆ နှစ်)ဖြစ်ပါရေ။
ဦးစိုးမင်းထွန်းစွာ ဧပြီ၉ရက်နိ မိုးထ ၇ နာရီ ၁၅ မိနစ်အချိန်လောက်က သူနီထိုင်ရေ မလကျွန်းရွာနန့် အုန်းတောရွာကြားမာဟိရေ ရီနံကုန်းတောသို့ ဟင်းရှာလားခါ ယင်းတောမာ အကြမ်းဖက်စစ်ကောင်စီတပ် ထောင်ထားခရေမိုင်းကို နင်းမိပနာ ပေါက်ကွဲမှုဖြစ်ခစွာလို့ ဒေသခံတိက ပြောပါရေ။
အဆိုပါ ပေါက်ကွဲမှုကြောင့် ဦးစိုးမင်းထွန်း၏ ညာဖက်ခြီထောက် ဒူးဆစ်အောက်ကနီ လုံးဝပြတ်ထွက်လားခရေလို့ ဒေသခံတိက ဆိုပါရေ။
လက်ဟိ ဦးစိုးမင်းထွန်းစွာ ၎င်းပြတ်ထွက်ဒဏ်ရာနန့် အရေးပေါ်ဆီးကုသမှုခံယူနီရပါရေ။
ယင်း မလကျွန်းရွာစွာ တရုတ်သဘာဝဓာတ်ငွိပိုက်လိုင်း သွယ်တန်းထားရေနီရာတခုဖြစ်ပြီးကေ၊ ယင်းနီရာ အနားပတ်ဝန်းကျင်မာ ကုန်ခရေ မာ့ချ်လအစပိုင်းကပင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တိ လာရောက် မိုင်းထောင်ထားခကတ်စွာလို့ မျက်မြင်ဒေသခံတိပြောကြားချက်အရ သိဟိရပါရေ။
