APM ၊ ဧပြီ ၉ /၂၀၂၄
ဒေနိ (ဧပြီ ၉ ရက်နိ) မိုးထပိုင်းမာ တိုက်ပွဲဖြစ်ပွားခြင်း လုံးဝမဟိရေ သံတွဲမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီနေဗီက လူမဆန်၊ အောက်တန်းကျစွာ လက်နက်ကြီးနန့် ပစ်ခတ်လို့ ဆယ်ကျော်သက်အရွယ် အပြစ်မဲ့ အရပ်သားလူငယ်တယောက် ထိခိုက်ဒဏ်ရာရလားရေလို့ သိရပါရေ။
ဒဏ်ရာရလားခရေလူစွာ သံတွဲမြို့နယ်၊ တောင်ညိုရွာက မောင်ဖြိုးမင်းဟိန်း (၁၆နှစ်) ဖြစ်ပါရေ။
ဒေနိ၊ မိုးထ ၉ နာရီလောက်ကပင် ၁၂ နာရီဝန်းကျင်အချိန်ထိ သံတွဲမြို့နယ်မာ တိုက်ပွဲဖြစ်ပွားခြင်းမဟိဘဲ ဆင်ခေါင်းရွာအောက် ရီမိုင် ၃ မိုင်လောက်အကွာ ပင်လယ်ပြင်မာ တန့်ထားရေ အကြမ်းဖက်စစ်ကောင်စီ နေဗီကနီ သံတွဲမြို့နယ်က ရပ်ရွာတိကို လက်နက်ကြီးနန့် (၁၀) ကြိမ်ထက်မနည်း ရည်ရွယ်ချက်ဟိဟိ ယမ်းကား ပစ်ခတ်တိုက်ခိုက်ခရေလို့ ဒေသခံတိက ပြောပါရေ။
ယင်းလက်နက်ကြီးကျည်တိထဲက တလုံးစွာတောင်ညိုရွာက ဦးဖိုးဖြူ၏ နီအိမ်ခေါင်မိုးတည့်တည့်သို့ ကျရောက်ပေါက်ကွဲခပါရေ။
လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဦးဖိုးဖြူ၏ နီအိမ်ခေါင်မိုးပျက်စီးလားရရေပိုင် အပါးဟပ်စပ်မာဟိရေ မောင်ဖြိုးမင်းဟိန်း၏ လက်မာလည်း လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရလားရေလို့ ဆိုပါရေ။
အကြမ်းဖက် စစ်ကောင်စီနေဗီစွာ သံတွဲမြို့နယ်ထဲမာ တိုက်ပွဲဖြစ်ပွားခြင်းမဟိဘဲ အပြစ်မဲ့အရပ်သားပြည်သူရို့နီထိုင်ရာရပ်ရွာတိသို့ ကောက်ကျစ်ယုတ်မာစွာ လက်နက်ကြီးတိနန့် မကြာမကြာ ပစ်ခတ်လိဟိပါရေ။
ကုန်ခရေ ဧပြီ ၇ ရက်နိကလည်း သံတွဲမြို့နယ်၊ ခမောင်းတုန်းရွာအောက်နားမာတန့်ထားရေ အကြမ်းဖက်စစ်ကောင်စီနေဗီကနီ သံတွဲနန့် တောင်ကုတ်မြို့နယ်နှစ်ခုစပ်ကြားက ရပ်ရွာတိကို လက်နက်ကြီးနန့်လှမ်းပစ်ခပါသိမ့်ရေ။
အလားတူ သံတွဲမြို့နယ် သူဌေးချောင်းရီအားလျှပ် စစ်စီမံကိန်းဧရိယာအတွင်း ဝင်ရောက်အခြီပြုတပ်စွဲထားရေ အကြမ်းဖက်စစ်ကောင်စီတပ်ကလည်း အနားတဝိုက် ရပ်ရွာတိကို နိတိုင်းဆိုပိုင် လက်နက်ကြီးတိနန့် လှမ်းပစ်နီရေလို့ သိဟိရပါရေ။