APM ၊ ဧပြီ ၉ / ၂၀၂၃
စစ်ကောင်စီက ဖြုတ်ချခိုင်းမှုများကြောင့် ရွီးကောက်ပွဲကော်မသျှင်(UEC)ထံမှတ်ပုံမတင်သည့် ရက္ခိုင်အခြီစိုက် နိုင်ငံရီးပါတီ များ၏ ပါတီဆိုင်းဘုတ်များကို ကုန်ခသည့်ရက်ပိုင်းက ဖြုတ်ချလိုက်ရသည်ဟု သိရသည်။
ရက္ခိုင်တွင် အယင်ကနိုင်ငံရီးပါတီ ၉ ခုဟိခပြီး ယင်းအနက် ပါတီမှတ်ပုံတင်ခြင်း ဥပဒေသစ်နန့် နိုင်ငံရီးပါတီမှတ် ပုံတင်ခြင်း ဥပဒေသစ်အရ ရက္ခိုင်အခြီစိုက်နိုင်ငံရီးပါတီ ၆ ခု ပြန်လည်မှတ်ပုံတင်ထားကာ ကျန်မှတ်ပုံမတင်သည့် ပါတီ ၃ ခုမှာ ရခိုင်ဒီမို ကရေစီအဖွဲ့ချုပ် (ALD)၊ ကမန်အမျိုးသားတိုးတက်ရီးပါတီနန့် ဒိုင်းနက်လူမျိုးများ တိုးတက်ရီးပါတီ (DNDP)ရို့ဖြစ်ကတ် သည်။
ယင်းအနက် ကမန်အမျိုးသားတိုးတက်ရီးပါတီတာဝန်ဟိသူများကို ကုန်ခသည့်အပတ်တွင် မြန်မာစစ်တပ်၏ စရဖ တပ်ဖွဲ့ဝင်များက ပါတီဆိုင်းဘုတ်များ ဖြုတ်ချ ရန် ဖုန်းဆက်အကြောင်းကြားလာ၍ ဖြုတ်ချလိုက်ရပြီး ဒိုင်းနက် လူမျိုး များတိုးတက်ရီးပါတီ (DNDP) ကတော့ ပါတီဖျက်သိမ်းကြောင်း မကြေညာခင် ကုန်ခသည့် မာ့ချ် ၂၅ ရက်နိကပင် ပါတီ ဆိုင်းဘုတ်ကိုဖြုတ် ချထားခသည်ဟု ပါတီ တာဝန်ဟိသူများကပြောသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)တွင်တော့ အယင်ကပင် ပါတီဗဟိုရုံးချုပ်၌ ဆိုင်းဘုတ်တင်ထားခြင်းမဟိပိုင် ပါတီဖျက် သိမ်းရန် တစုံတရာအကြောင်းကြားလာခြင်းလေ့မဟိဟုဆိုသည်။
မြန်မာတပြည်လုံးအတိုင်းအတာအရ နိုင်ငံရီးပါတီ ၆ဝ ကျော် UEC ထံမှတ်ပုံတင်ရန်လျှောက် ထားခပြီးယင်း အထဲ၌ ရက္ခိုင် အခြီစိုက်ပါတီ ၆ ခုပါဝင်ကာ မှတ်ပုံတင်ရန်လျှောက်ထားခြင်းမဟိသည့် ရက္ခိုင်အခြီစိုက်ပါတီ ၃ ခုအပါအဝင် ကျန်နိုင်ငံရီး ပါတီ ၄ဝ ကို ဖျက်သိမ်းကြောင်း UEC ၏ မာ့ချ် ၂၈ ရက်နိ ထုတ်ပြန်ချက်အရ သိရသည်။
Photo – ALD