APM ၊ ဧပြီ ၉ /၂၀၂၃
ကျောက်တော်မြို့နယ်တွင် ကန်ဇောက်တောင်အဆင်း၌ဒေနိ(ဧပြီ ၉ ရက်နိ)မိုးထက တုတ်တုတ် ၁ စီးမတော်တဆ တိမ်းမှောက်ကာ လူ ၅ ယောက် ဒဏ်ရာရလားခကြောင်း သိရသည်။
ဒေနိမိုးထ ၉ နာရီခန့်က ကျောက်တော်မှ ခရီးသည်များတင်လျက် ပုဏ္ဏားကျွန်းဖက်သို့ထွက်ခွာလာသည့် တုတ်တုတ်ချေ တစီးသည် ကန်စောက်တောင်အောက် အဆင်းလမ်း၌ အဟိန်မထိန်းနိုင်ဘဲ ညာဖက် အခြမ်းသို့တိမ်း မှောက်လားရာ ယင်းတုတ်တုတ်ချေ၌စီးနင်းလိုက်ပါလာသည့် ခရီးသည် အမျိုးသမီး ၅ ယောက်ဒဏ်ရာရ ဟိလားခသည်။
ဒဏ်ရာရလားသူများမှာ အသက် ၁၅ နှစ်ကနီ ၁၈ နှစ် အ ရွယ် ၄ ယောက်နန့် အသက် ၄၀ ကျော်အရွယ် ၁ ယောက် ဖြစ်ပြီး အားလုံးအမျိုးသမီးများဖြစ်ကတ်သည်။
ယင်းအနက် ၂ နှစ်ယောက်မှာ ဒဏ်ရာစကေပြင်းသည်ဟု မျက်မြင်ဒေသခံများက ဆိုသည်။
လက်ဟိတွင် ယင်း ဒဏ်ရာရအမျိုးသမီး ၅ ယောက်စလုံးကို ကျောက်တော်ဆီးရုံးကြီးသို့ ပို့ဆောင်ထားသည်ဟုသိရ သည်။
အဆိုပါ ကန်ဇောက်တောင်အဆင်းတွင် အယင်ကလေ့ ယာဉ်များ မကြာမကြာတိမ်းမှောက်လိဟိပြီး ထိခိုက်ဒဏ် ရာရသူ များအပြင် သီဆုံးသူများ ဟိခကြောင်း သိဟိရပါသည်။
Photo – ABN