
APM ၊ ဧပြီ ၉ / ၂၀၂၃
၂၀၂၃-၂၄ ဘဏ္ဍာရီးနှစ်အတွက် ကာကွယ်ရီးအသုံးစရိတ် ကို ကျပ်ဘီလီယံ ၅၆၀၀ ကျော်အထိ တိုးမြှင့်သုံးစွဲမည် ဟု စစ်ကောင်စီ၏ပြည်ထောင်စုဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေအချက်အလက်များအရ သိရသည်။
ပြည်ထောင်စုဝန်ကြီးဌာနများနန့် ဦးစီးဌာနများ၏ ကဏ္ဍ ၄၅ခုအတွက် ခွင့်ပြုအသုံးစရိတ် ကျပ်ဘီလီယံ ၁၉၀၀၀ ကျော်တွင် စစ်ကောင်စီ၏ ကာကွယ်ရီးအသုံးစရိတ်တခုတည်းအတွက် ကျပ်ဘီလီယံ ၅၆၀၀ ကျော်အထိ သုံးစွဲမည်ဟု ဆိုသည်။
၂၀၂၃-၂၄ ဘဏ္ဍာရီးနှစ်အတွက် ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကို စစ်ကောင်စီက မာ့ချ် ၃၁ ရက်နိတွင် ပြဋ္ဌာန်းခခြင်းဖြစ်သည်။
NLD အစိုးရလက်ထက် ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရီးနှစ် ကာကွယ်ရီးအသုံးစရိတ်မှာ ကျပ်ဘီလီယံ ၃၄၀၀ ကျော်သာ ဖြစ်ကြောင်း သိရသည်။
Photo – DVB

Please follow and like us: