APM ၊ ဧပြီ ၉ / ၂၀၂၃
အဲဗာတန်နန့်ပွဲတွင်အသင်း၏အဓိကတိုက်စစ်မှူး မားကပ် ရက်ချ်ဖိုဒ့်ပေါင်ခြံဒဏ်ရာရဟိလားသည့်အတွက် ခြောက်ရက် အတွင်း ၃ ပွဲကဇတ်ရန်စီစဥ်ထားသည့် ပရီးမီးယားလိဂ်၏ ပွဲချိန်ဇယားကို မန်ယူနည်းပြတန်ဟက်ဂ်က ပြစ်တင်ပြောဆို လိုက်သည်။
မန်ယူသည် ဧပြီ ၂ ရက်နိက နယူးကာဆယ်၊ ဧပြီ ၅ ရက်နိက ဘရန့်ဖိုဒ့်၊ နှစ်ရက်အကြာ ဧပြီ ၈ ရက်နိတွင် အဲဗာတန် နန့် ထပ်မံယှဥ်ပြိုင်ခရသည့်အတွက် ပရီးမီးယားလိဂ်၏ ပွဲချိန်ဇယားကို နည်ပြတန်ဟက်ဂ်က မကျေမနပ်ဖြစ်နီခြင်း ဖြစ်သည်။
ဒေဂုရာသီပြိုင်ပွဲစုံတွင် ၂၈ ဂိုးအထိသွင်းယူထားသည့် ရက်ချ်ဖိုဒ့်သည် အဆိုပါပွဲတွင် ဒုတိယပိုင်းပွဲချိန်၌ ဒဏ်ရာရ ဟိခ၍ လူစားလဲခရသည်။
“ကဇတ်သမားတိ ဒဏ်ရာရစွာက အချိန်ဇယားကြောင့်ဖြစ်ပါရေ။ ခြောက်ရက်အတွင်း ၃ ပွဲကဇတ်လို့ အဆင် မပြေပါ။ ကျနောရို့ကဇတ်သမားတိကို ကာကွယ်ရပါဖို့။ လူတိုင်းက ကွင်းထဲမှာ အကောင်းဆုံး ကဇတ်သမားတိကို မြင်ချင်ကတ်တေ။ ယင်းပိုင်မြင်နိုင်ဖို့အတွက်လေ့ ကဇတ်သမားတိ နားခွင့်ရဖို့လိုပါရေ” ဟု ပွဲအပြီးတွင် တန်ဟက်ဂ် က ပြောသည်။
မန်ယူသည် အဲဗာတန်ကို ၂-၀ ဂိုးမဟိဖြင့် အနိုင်ရခ၍ အဆင့် (၄) နီရာတွက်ဆက်လက်ရပ်တည်နီပြီး လာမည့်ဧပြီ ၁၄ ရက်နိ အိမ်ကွင်းတွင် ဆီဗီလာအသင်းနန့် ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ ယှဥ်ပြိုင်ကဇတ်ရမည်ဖြစ်သည်။
Source – Erik ten Hag points finger at Premier League after Marcus Rashford injury
Photo – Chronicle Live
