
APM၊ မာ့ချ် ၉/၂၀၂၄
ရက္ခိုင်ပြည်၊ သံတွဲမြို့နယ်မာ ငပလီအခြီစိုက် ခလရ(၅၅) တပ်ရင်းက အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ စစ်ရီးနန့် လုံးဝမသက်ဆိုင်၊ စစ်ရီးကိစ္စမလုပ်ရရေ ဘုန်းကြီး ကျောင်းတိအပါအဝင် သာသနိက အဆောက်အအုံတိ၊ စာသင်ကျောင်းတိမာ တပ်စွဲပနာ အာရက္ခပြည်သူတိကို နှစ်ရှည်လများ နိစဉ်ရက်ဆက် ဒုက္ခပီးလျက်ဟိကြောင်း ဒေသခံတိက ပြောပါရေ။
ယင်းပိုင် ဘုန်ကြီးကျောင်းတိ၊ စာသင်ကျောင်းတိမာ အခြီချ တပ်စွဲပနာ ဒေသခံပြည်သူတိကို မတရားဖမ်းဆီးနှိပ် စက်သတ်ဖြတ်စွာ၊ ပြည်သူလူထုနီအိမ်တိကို ဧည့်စာရင်းဗန်းပြ နိညည့်မရွီး စီးနင်းဝင်ရောက်မွှီနှောက်ရှာဖွီစွာ၊လင်ကိုမရကေ မယားနန့်သားသမီးတိကို ပြန်ပီးဆွဲဖမ်းဆီးစွာ၊ လမ်းလားလမ်းလာတိကိုမှတ်ပုံတင်၊ ဖုန်းတိကိုစစ်ဆီးစွာ၊ မထင်ကေ မထင်ပိုင် ဖမ်းဆီးညှဉ်းပမ်းငွေညှစ်စွာ၊ ဘုရား ကုန်းထက်က အချိန်မတော် လက်နက်ကြီးနန့်ပစ်စွာတိကို လုပ်ဆောင်လျက်ဟိရေလို့ ဒေသခံတိက ဆိုပါရေ။
စစ်ကောင်စီစွာ နှစ်ရှည်လများယင်းပိုင် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်လျက်ဟိရာမာ့ချ် ၉ရက် နိ၊ မိုးထ ၁၁ နာရီ ၂၄ မိနစ်အချိန်ခန့်ကလည်း ဂွမြို့နယ် ကဝင်လာရေ စစ်ကား ၁ စီးနန့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့် ရေ သံတွဲမြို့နယ်၊ မဲနယ်ကွင်းရွာ တောင်ပေါ်ကျောင်းမာ စခန်းချပနာ ဒေသခံပြည်သူတိကို နည်းမျိုးစုံးနန့် စိတ် အနှောင့်အယှက်ပီးနီပါရေ။
မာ့ချ် ၈ ရက်နိကလည်း သံတွဲမြို့နယ်၊ ရီစင်ရွာ ဘုန်း ကြီးကျောင်းမာ စခန်းချနီရေ အကြမ်းဖက် စစ်ကောင်စီအင် အား၃၀ လောက်စွာ ကားလမ်းမထက်မာ လမ်းလားလမ်းလာ ဒေသခံပြည်သူတိ၊ ကား၊ ဆိုင်ကယ်တိကို မိုးထ ၇ နာရီ ၃၀ မိနစ်ကစလို့ ၁၀ နာရီ ၂ မိနစ် အချိန်ထိ စစ်ဆီးမှုတိလုပ်ခကတ်ပါရေ။
အလားတူ မာ့ချ် ၈ ရက်နိ၊ နိခင်း ၁၂နာရီ ၃၀မိနစ်အချိန်ခန့်ကလည်း သံတွဲမြို့နယ် ရီစင်ရွာ ဘုန်းကြီးကျောင်းသို့ ရောက်ဟိနီရေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ လောက်စွာ ကွေ့ချောင်းရွာ စာသင်ကျောင်းသို့ပြောင်းရွှိစခန့်ချပြီးကေ ရီစင်ရွာဘုန်းကြီးကျောင်းနန့်ကွေ့ချောင်းစာသင်ကျောင်းရို့ ကို တလှည့်စီ အပြောင်းအပြန် လားလာလှုပ်ယှားယင်း လမ်းလားလမ်းလာတိကို စစ်ဆီးနီခရေလို့ ဒေသခံတိကဆိုပါရေ။
ယင်းအပြင်ခလရ(၅၅)ကအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ သံတွဲမြို့နယ်အတွင်းက အလယ်ရွာ ဘုန်းကြီး ကျောင်း၊ငမန်းခဲရွာ ဘုန်းကြီးကျောင်း၊ ဘောက်တောင်ရွာ ဘုန်းကြီးကျောင်း၊ပွင့်ဖြေရွာဘုန်းကြီးကျောင်းနန့် စာသင် ကျောင်း အပါအဝင် ဇီးကုန်း၊ ဇလွန်၊ ကင်းသေကျွန်း၊ရွှီလှီ၊ သိမ်တောင် အစဟိရေရပ်ရွာတိက ဘုန်းကြီးကျောင်းတိ၊စာသင်ကျောင်းတိမာ အခြီချတပ်စွဲပနာ ဒေသခံပြည်သူတိကို နည်းလမ်းပေါင်းစံနန့် ယုတ်မာကောက်ကျစ်စွာအနှောက်အယှက် ပီးလျက်ဟိကြောင်းလည်း သိဟိရပါရေ။
