
APM ၊ မာ့ချ် ၉ / ၂၀၂၃
ကျောက်တော်မြို့၏ အထင်ကရနီရာတခုဖြစ်သည့် ကျောက်တော်တောင်တွင် မာ့ချ် ၈ ရက်နိကတောမီးလောင်မှု တခုဖြစ်ပွားခကြောင်း သိရသည်။
ယင်းမီးလောင်မှုသည့် မာ့ချ် ၈ ရက်နိ မိုးထ ၁၀ နာရီခန့် ၌စတင်လောင်ကျွမ်းခခြင်းဖြစ်ပြီး ဒေသခံလယ်သမားများ၏ လယ်ကွင်း ပြင်များကို မီးတိုက်ရာမှ စတင်လောင်ကျွမ်းလားခြင်းဖြစ်သည်။
ယင်းမီးသည် ကျောက်တော်တောင်အထိမီးကူးလားကာ တောမီးလောင်မှုဖြစ်လားခခြင်းဖြစ်ကြောင်း ကျောက်တော်မြို့ခံများက ပြောသည်။
၎င်းမီးလောင်မှုကို အနီးနားဟိ ကျောက်တော်ဒေသခံများနန့် လူမှုကယ်ဆယ်ရီးအဖွဲ့အစည်းများ၏ ဝိုင်းဝန်းကူညီ ငြိမ်းသတ်မှုကြောင့် မာ့ချ် ၈ ရက်နိက ညည့် ၁၁ နာရီကျော်ခန့်၌ မီးငြိမ်းလားခသည်။
ကုန်ခသည့် မာ့ချ် ၆ ရက်နိကလေ့ မင်းပြား၌ မီးလောင်မှုဖြစ်ကာ နီအိမ် ၄ လုံး ပျက်စီးဆုံးယှုံးခသည့်အပြင် မာ့ချ် ၄ ရက်နိကလေ့ စစ်တွေမြို့ စက်ရုံစုရပ်ကွက်ဟိ ဆီတန်း၌ ဆီဂိုဒေါင်တလုံး မီးလောင်မှုဖြစ်ပွားခပြီး ဒေသခံတယောက် ထိခိုက်ဒဏ်ရာ ရဟိလားခကြောင်း သိဟိရသည်။
