
APM ၊ မာ့ချ် ၉ / ၂၀၂၃
ပါကစ္စတန်နိုင်ငံအတွင်း ငွေကြေအကျပ်အတည်း မြင့်တက်နီချိန်တွင် တရုတ်နိုင်ငံ၏ စက်မှုနန့် ကူးသန်းရောင်း ဝယ်ရီးဘဏ် (ICBC)က အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံ ထုတ်ချီးပီးမည်ဟု အတည်ပြုလိုက်သည်။
ယင်းငွေကို (၃) ကြိမ်ခွဲထုတ်ပီးမည်ဖြစ်ပြီး ပထမအကြိမ်အဖြစ် ဒေါ်လာသန်း ၅၀၀ ကို ပါကစ္စတန်ဘဏ်မှ တရားဝင်လက်ခံရဟိထားယာဖြစ်ကြောင်း ပါကစ္စတန်ဘဏ္ဍာရီးဝန်ကြီး အစ္စဟက်ဒါ (Ishaq Dar) က မာ့ချ် ၃ ရက်နိတွင် ၎င်း၏ တွစ်တာ၌ ဖော်ပြခသည်။
အဆိုပါငွေကြေးကြောင့် ပါကစ္စတန်နိုင်ငံ၏ နိုင်ငံခြားအရန်ငွေတိုးလာမည်ဖြစ်ကြောင်းနန့် ပြီးခသည့်လများတွင် ပါကစ္စတန်သည် တရုတ် ICBC ဘဏ်သို့ ချီးငွေဒေါ်လာ ၁.၃ ဘီလီယံ ပြန်လည်ပီးဆပ်ခကြောင်း ICBC ဘဏ်မှ တရားဝင် အတည် ပြုထားသည်ဟုလေ့ ဝန်ကြီးအစ္စဟက်ဒါက ဆိုသည်။
ပါကစ္စတန်အစိုးရသည် ဂျုန်လတွင် ကုန်ဆုံးမည့် ၎င်း၏ဘဏ္ဍာရီးနှစ်အတွက် ပြင်ပဘဏ္ဍာငွေ ဒေါ်လာ ၅ ဘီလီယံ လိုအပ်မည် ဖြစ်ကြောင်း ဝန်ကြီးအစ္စဟက်ဒါက ပြောကြားသည်။
ပါကစ္စတန်သည် နိုင်ငံ၏နိုင်ငံခြားအရန်ငွေများကို မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံထံမှ စုစုပေါင်း ချီးငွေဒေါ်လာ သန်း ၇၀၀ ရယူထားပြီး၊ လက်ဟိဘဏ္ဍာနှစ်အတွင်း ပြည်ပကြွီးမြီများထဲမှ ဒေါ်လာ ၆.၅ ဘီလီယံကို ပြန်ပီးဆပ်နိုင်ခသည်ဟု ဒေသတွင်းသတင်းများက ဖော်ပြထားသည်။
Source – China approves $1.3 bln loan rollover for Pakistan -finance minister
Photo – AFP
