
APM ၊ ဖေဖော်ဝါရီ ၉ / ၂၀၂၅
တောင်ကုတ်မြို့မာ ဒေနိ (ဖေဖော်ဝါရီ ၉ ရက်နိ)၊ နိခင်း ၁၂ နာရီ ၂၃ မိနစ်က မပေါက်ကွဲဘဲကျန်နီခရေ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ၏ စစ်ကျန်ဗုံးသီးတလုံး ပေါက်ကွဲလို့ အချေ တယောက်ဒဏ်ရာရလားကြောင်း ဒေသခံတိက ပြောပါရေ။
ဒဏ်ရာရလားရေအချေစွာ တောင်ကုတ်မြို့၊ သိမ်တောင်ရပ်ကွက်က အဖ ဦးနေလင်း၏သား မောင်နေစိုးသူ (၆ နှစ်) ဖြစ်ပါရေ။
ဒေနိ၊ နိခင်း ၁၂ နာရီ ၂၃ မိနစ်လောက်မာ မောင်နေစိုးသူစွာ ချောင်းကမ်းစပ်နားမာ မပေါက်ကွဲဘဲ ကျန်နီခရေ စစ်ကောင်စီ၏ စစ်ကျန် ဗုံးသီးတလုံးကို ကောက်ယူ ကဇတ်ရာက ယင်းဗုံးသီး လက်ကပြုတ်ကျပနာ ပေါက်ကွဲမှုဖြစ်ခရေလို့ မိသားစုဝင်တယောက်က Arakan Princess Media ကို ပြောပါရေ။
ယင်းဗုံးသီးပေါက်ကွဲမှုကြောင့် မောင်နေစိုးသူ၏ ဘယ်ဖက်ခြီထောက်ခြီမျက်စိအထက်နန့် မိတ်ရို့မာ ဒဏ်ရာရလားရေလို့ ဆိုပါရေ။
ကုန်ခရေ ဖေဖော်ဝါရီ ၆ ရက်နိကလည်း အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ ထောင်ထားခရေ မိုင်းတလုံးကို တက်နင်းမိရာကနီ ပေါက်ကွဲမှုဖြစ်ပြီးကေ တောက်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်က အမျိုးသမီးတယောက် ခြီတဖက်ပြတ်ထွက်လားခပါသိမ့်ရေ။
အာရက္ခပြည်သူ့ တော်လှန်ရီးအစိုးရအနီနန့်လည်း အာရက္ခဒေသအတွင်း မိုင်းနန့် စစ်ကျန်လက်နက်အန္တရာယ် ပညာပီးဟောပြောပွဲတိ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပီးဆိုင်းဘုတ်တိ၊ မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပီး လက်ကမ်းစာစောင်တိ ဖြန့်ဝီစွာတိနန့် မိုင်းယှင်းလင်းရီး လုပ်ငန်းတိကို ဆက်တိုက်လုပ်ဆောင်လို့ ဟိနီပါရေ။
ပုံစာ – ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နိ၊နိခင်း ၁၂ နာရီ ၂၃ မိနစ်အချိန်ခန့်၌ တောင်ကုတ်မြို့၊ သိမ်တောင်ရပ်ကွက်တွင် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ၏ စစ်ကျန်ဗုံးသီးတလုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရလားခသည့် အချေအား တွိရစဉ် (Arakan Princess Media)။
