
APM၊ ဖေဖော်ဝါရီ ၉/၂၀၂၅
အာရက္ခဒေသ တိုက်ပွဲတိအတွင်း အာရက္ခတပ်တော် ထိန်းသိမ်းထားခရေ စစ်သုံ့ပန်းမိသားစုဝင်တိနန့် အရပ်သားအကျဉ်းသားတိထဲက လွှတ်ပီးလို့ရရေလူတချို့ကို အာရက္ခတပ်တော်(AA) က ပြန်လွှတ်ပီးလိုက်ကြောင်း သိရပါရေ။
အာရက္ခတပ်တော်စွာ တိုက်ပွဲကာလအတွင်း ကရို့ လက်ရဖမ်းမိ ထိန်းသိမ်းထားခရေ စစ်သုံ့ပန်းမိသားစုဝင်တိထဲက လွှတ်ပီးလို့ရရေ သုံ့ပန်းမိသားစုဝင် ၁၁၆ ယောက်နန့် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီး ထိန်းသိမ်းထားခရရေ အရပ်သား အကျဉ်းသားတိအထဲက လွှတ်ပီးလို့ရရေ ၂၆ ယောက်ကို ပြန်လွှတ်ပီးလိုက်တေလို့ လွတ်မြောက်လာသူတိက Arakan Princess Media ကို ပြောပါရေ။
လွတ်မြောက်လာသူ စစ်သုံ့ပန်းမိသားစုဝင်တိထဲမာ အမျိုးသား ၄၀ ယောက်နန့် အမျိုးသမီး ၇၆ ယောက်ပါဝင်ပနာ၊ အရပ်သား အကျဉ်းသား ၂၆ ယောက်ကတော့ အမျိုးသားတိဖြစ်ပြီးကေ၊ ပြန်လွတ်လာသူ အများစုစွာ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ ထိန်းချုပ်မှုမဟိရေ နီရာတိကလူတိ ဖြစ်တေလို့ ဆိုပါရေ။
သူရို့အားလုံကိုတော့ အရက္ခတပ်တော်က အခမ်းအနားနန့်တကွ မိသားစုဝင်တိထံသို့ ပြန်အပ်နှံလိုက်တေလို့ သိရပါရေ။
အာရက္ခဒေသ တိုက်ပွဲတိအတွင်း အာရက္ခတပ်တော်က လက်ရဖမ်းမိထားရေ စစ်သုံ့ပန်းတိနန့် သုံ့ပန်းမိသားစုဝင်တိထဲက ပြန်လွှတ်ပီးဖို့ လုပ်ထားရေလူတိ ယာယီ ထိန်းသိမ်းထားရေ နီရာတိကို အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီက လူမဆန်စွာ ဂျက်ဖိုက်တာနန့် ဗုံးကြဲတိုက်ခိုက်ခလို့ စစ်သုံ့ပန်းတိ နန့် သုံ့ပန်းမိသားစုဝင် ၁၀၀ ကျော် သီဆုံးခရပြီးကေ ၁၂၀ ကျော် ထိခိုက် ဒဏ်ရာရထားကြောင်းလည်း သိဟိရပါရေ။
Photo – Arakan Princess Media
