
APM ၊ ဖေဖော်ဝါရီ ၉ / ၂၀၂၃
မြန်မာစစ်တပ်ဖမ်းဆီးထားပြီး မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ၁၇(၁) ဖြင့်အမှုရင်ဆိုင်နီရသည့်သံတွဲမြို့နယ်မှ ရက္ခိုင်တေးရွီးဆရာတဦးဖြစ်သူ ဦးစန်းကိုအား လာမည့်ဖေဖော်ဝါရီ ၁၅ ရက်နိတွင် အပြီးသတ်အမိန့်ချမည် ဖြစ်ကြောင်း သိရသည်။
အမှုကို ဖေဖော်ဝါရီ ၈ ရက်နိက သံတွဲမြို့နယ် တရားရုံး၌ ရုံးထုတ်စစ်ဆီးခပြီး၊ လာမည့် ဖေဖော်ဝါရီ ၁၅ ရက်နိသို့ ထပ်မံရုံးချိန်းထားကာ၊ ယင်းနိတွင် အပြီးသတ်အမိန့်ချမည်ဟု တရားသူကြီးကပြောကြောင်း မိသားစုဝင်များက ဆိုသည်။
ဦးစန်းကိုသည် သံတွဲမြို့နယ် ဆပ်လိုင်မျှော်ရွာတွင်နီထိုင်သူဖြစ်ပြီး၊ ကုန်ခသည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်နိ၌ င/ပလီအခြီစိုက် မြန်မာစစ်တပ် ခလရ (၅၅) တပ်ရင်းမှ တပ်ဖွဲ့ဝင်များက သူနီထိုင်ရာ ဆပ်လိုင်မျှော်ရွာ ဟိ နီအိမ်အတွင်းသို့ ဝင်ရောက်ဖမ်းဆီးခသည်။
ယင်းနောက် သူ့ကို ရက္ခိုင့်တပ်တော် AA နန့် ဆက်စပ်သည်ဟု အတင်းအဓမ္မ မတရားလုပ်ကြံစွပ်စွဲကာ ပုဒ်မ ၁၇(၁) ဖြင့် ခလရ (၅၅) တပ်ရင်းမှ ဗိုလ်ကြီး ရဲလင်းထွန်း တရားလိုလုပ်၍ သံတွဲမြို့နယ်တရားရုံး၌ အမှုဖွင့်တရားစွဲဆိုခသည်။
ဦးစန်းကိုမှာ ရက္ခိုင်တေးခြင်းများကို ရွီးစပ်နီသူ တေးရွီးဆရာတဦးဖြစ်သည့်အပြင် ဂျိတ္တော၌ ရခိုင့်အားမာန် နာမည်ဖြင့် ကားဂိတ်လုပ်ငန်းလုပ်ကိုင်နီသူဖြစ်ပြီး ဦးစန်းကိုအား မတရားဖမ်းဆီးပြီးနောက်ပိုင်းတွင် စစ်ကောင်စီသည် ရခိုင့်အားမာန်ကားဂိတ်ကိုပါ ဥပဒေမဲ့ ပိတ်ခိုင်းထားကြောင်း သိရသည်။
