APM ၊ ဖေဖော်ဝါရီ ၉ / ၂၀၂၃
ချင်းနိုင်ငံရီးဦးဆောင်ကော်မတီ-ရခိုင်ပြည်နယ်၏ ဒေနိ(ဖေဖော်ဝါရီ ၉ ရက်နိ) ထုတ်ပြန်ချက်နန့် ပတ်သက်၍ အသေးစိတ်စုံစမ်းစစ်ဆီးမှုများ ပြုလုပ်နီကြောင်း ULA/AA ပြန်ကြားရီးတာဝန်ခံ ဦးခိုင်သုခက APM သို့ ပြောကြားသည်။
ကုန်ခသည့် ဂျန်နဝါရီ ၃၀ ရက်နိ ညည့် ၈ နာရီခန့်တွင် မြေပုံမြို့နယ် တုတ်ချောင်း (ချင်း)ရွာက ရွာသားနှစ်ဦးကို ရက္ခိုင့်တပ်တော်မှ တပ်ဖွဲ့ဝင်တချို့က ရွာနန့်မနီးမဝီးသို့ ဖုန်းနန့်ခေါ်ယူကာ အကြောင်းပြချက်တစုံတရာပြောဆိုခြင်းမဟိဘဲ လက်ပြန် ကြိုးတုတ်လျက် အုပ်စုလိုက်ရိုက်နှက်မှုပြုလုပ်ခသည်ဟု ချင်းနိုင်ငံရီးဦးဆောင်ကော်မတီက ထုတ်ပြန်စွပ်စွဲထားခြင်းဖြစ် သည်။
ယင်းကိစ္စနန့်ပတ်သက်၍ ဦးခိုင်သုခ “ချင်းနိုင်ငံရီးဦးဆောင်ကော်မတီ-ရခိုင်ပြည်နယ်ဆိုရေအဖွဲ့၏ ထုတ်ပြန်ချက်နန့်ပတ် သက်လို့ ကျနော်ရို့ဖက်က စနစ်တကျစုံစမ်းစစ်ဆီးမှုတိလုပ်နီပါရေ။ ယေဇူးနန့် အဂုလောလောဆယ် မှာ သူရို့ဖက်ကထုတ်ပြန်ထားရေပိုင် မြီပြင်မှာ အမှန်တကယ် ဖြစ်ခ/မဖြစ်ခဆိုစွာကတော့ လောလောဆယ်ပြောဖို့ တော့ အချိန်စောပါသိမ့်ရေ”ဟု ဆိုသည်။
ယင်းအပြင် အဂုလုပ်နီသည့် စုံစမ်းစစ်ဆီးမှုများတွင် ၎င်းရို့စွပ်စွဲထားသည့်အတိုင်း ကျူးလွန်ကြောင်းထားရှားလျှင် ကျူး လွန်သူများကို ရက္ခိုင့်တပ်တော်၏ စစ်ဖက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအရ လိုအပ်တေပိုင် အရေးယူ ဆောင်ရွက်လားမည်ဟုလေ့ ဦးခိုင်သုခက APM သို့ ပြောဆိုယှင်းပြလားခသည်၊