APM ၊ ဖေဖော်ဝါရီ ၉ / ၂၀၂၃
မြန်မာစစ်တပ်ဖမ်းဆီးလားပြီးနောက် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)နန့် တရားစွဲခံထားရသည့် ဘူးသီးတောင်မြို့နယ်မှ အုပ်ချုပ်ရီးမှူ ၂ယောက် ဒေနိ(ဖေဖော်ဝါရီ ၉ ရက်နိ)တွင် ဘူးသီးတောင်မြို့ တရားရုံး၌ ရုံးထုတ်ခကေလေ့
မစစ်ဆီးခဘဲ လာမည့်ဖေဖော်ဝါရီ ၂၃ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်ကြောင်း သိရသည်။
ယင်းအုပ်ချုပ်ရီးမှူးနှစ်ယောက်မှာ ဘူးသီးတောင်မြို့နယ် တပ်မင်းချောင်းရွာအုပ် ချုပ်ရီးမှူး ဦးဦးကျော်လှနန့် မီးကျောင်းစျီးရွာအုပ်ချုပ်ရီးမူး ဦးဟာမတ်တူဆောင်း ရို့ဖြစ်ကတ်သည်။
အမှုကို ဒေနိမိုးထက ဘူးသီးတောင်မြို့နယ်တရားရုံးတွင်ရုံးထုတ်ခကေလေ့ မစစ်ဆီးခဘဲ လာမည့်ဖေဖော်ဝါရီ ၂၃ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်ကြောင်း မိသာစုဝင်များကပြောသည်။
ပြီးခရေ ၂၀၂၂ ခုနှစ် စပ်တမ်ဘာ ၃ ရက်နိက ဘူးသီးတောင်အခြီစိုက် မြန်မာစစ်တပ် ခလရ (၂၃၄) တပ်ရင်းမှ ဘူသီးတောင်မြို့နယ်ဟိ အုပ်ချုပ်ရီးမှူး ၁၂ ယောက်အားတွိဆုံရန် ခေါ်ယူခပြီးနောက် ယင်းအထဲမှ တပ်မင်းချောင်းရွာအုပ်ချုပ်ရီးမှူး ဦးဦးကျော်လှနန့် မီးကျောင်းစျီးအုပ်ချုပ်ရီးမှူး ဦးဟာမတ်တူဆောင်း ရို့နှစ်ယောက်ကို ပြန်မလွှတ် ဘဲ ဖမ်းထားလိုက်ခြင်းဖြစ် သည်။
ယင်းနောက် ရက္ခိုင့်တပ်တော် AA နန့် ဆက်စပ်သည်ဟု စွပ်စွဲကာ အုပ်ချုပ်ရီးမှူးနှစ်ယောက်စလုံးအား ပုဒ်မ ၁၇(၁) နန့် တရားစွဲဆိုခြင်းဖြစ်သည်။
လက်ဟိတွင် ယင်းအုပ်ချုပ်ရီးမှူး နှစ်ယောက်စလုံးကို ဘူးသီးတောင်အကျဉ်းထောင်၊ ထောင်ချုပ်၌ ထိန်းသိမ်းချုပ် နှောင်ထားကြောင်း သိဟိရသည်။