APM ၊ ဖေဖော်ဝါရီ ၉ / ၂၀၂၃
ဘယ်လ်ဂျီယံအသင်းတွင် နည်းပြ ရောဘတ်တို မာတီနက်ဇ် နုတ်ထွက်လားပြီးနောက် ချော်ကေးနည်းပြဟောင်း ဒိုမီနီကို တက်ဒက်စ်ကို ကိုအသင်း၏ နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း ဘယ်လ်ဂျီယံလက်ရွီးစင်အသင်း ဝက်ဘ်ဆိုက်ကနီ တရားဝင်ကြေညာသည်။
ဘယ်လ်ဂျီယံအသင်းသည် ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအပြီး နုတ်ထွက်လားသည့် နည်းပြ မာတီနက်ဇ်နီရာတွင် တက်ဒက်စ်ကိုအား နည်းပြသစ်အဖြစ် ၂၀၂၄ ခုနှစ်အထိ ခန့်အပ်လိုက်ခြင်းဖြစ်သည်။
အသက် ၃၇ နှစ်အရွယ် နည်းပြ တက်ဒက်စ်ကိုသည် ချော်ကေး၊ မော်စကိုနန့် လိုက်ပ်ဇပ်အသင်းများတွင် နည်းပြခပြီး၊ နိုင်ငံတကာအတွိအကြုံဟိသည့် ထိပ်တန်းနည်းပြ တယောက်ဖြစ်သည်။
“ဘယ်လ်ဂျီယံနည်းပြသစ်ဖြစ်ရစွာက ကျနော့်အတွက် ဂုဏ်ယူစရာပါ။ အသင်းမှာ တာဝန်ယူလာရဖို့ အရာတိအတွက် ကျနော်စိတ်အားထက်သန်စွာနန့် စောင့်မျှော်နီပါရေ” ဟု တက်ဒက်စ်ကိုက ဆိုသည်။
နည်းပြသစ် တက်ဒက်စ်ကိုသည် ဘယ်လ်ဂျီယံအသင်းနန့်အတူ သူ့၏ပထမဆုံးပွဲစဉ်အဖြစ် မတ်လ ၂၄ ရက်နိ ကတွင်
စတော့ဟုမ်း၌ ကဇတ်မည့် ဆွီဒင်အသင်းပွဲစဉ်ကို စတင်ကိုင်တွယ်ရမည်ဖြစ်ကြောင်း သိဟိရပါသည်။
Source -The Royal Belgian Football Association (RBFA) is proud to announce that Domenico Tedesco has been appointed as the new national team coach.
Photo – RBFA