
APM၊ ဒီဇမ်ဘာ ၉ / ၂၀၂၃
တောင်ကုတ်မြို့နယ်မာ ဒီဇမ်ဘာ ၅ ရက်နိကနီ ၇ ရက်နိအထိ (၃) ရက်အတွင်း အပြစ်မဲ့ အရပ်သားပြည်သူ ၅ ယောက်ကို စစ်ကောင်စီ ဖမ်းဆီးထားကြောင်း သိရပါရေ။
အဖမ်းခံရလူတိစွာ တောင်ကုတ်မြို့ ၊ချောင်းကောက်ရပ်ကွက်က ကိုအောင်ကိုကို (၂၅ နှစ်)၊ တောင်ကုတ်မြို့နယ်၊ကင်းတောင် ရွာက ဦးညီညီမင်း(၄၀နှစ်)၊ တောင်ကုတ်မြို့ နယ်၊ ပဒါရွာက ဦးဇော်မင်းဌေး(၃၅ နှစ်)၊ တောင်ကုတ်မြို့၊ ဂူတာရပ်ကွက်က ဦးအေးကျော်(၄၆နှစ်) နန့် တောင်ကုတ်မြို့နယ်၊ မအီမြို့၊ အမှတ်(၄) ရပ်ကွက်က ဦးညီညီ(၃၈နှစ်) ရို့ဖြစ်ကတ်ပါရေ။
ယင်းအထဲ တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်က ကိုအောင်ကိုကိုစွာ ဒီဇမ်ဘာ ၇ ရက်နိ၊ညဇာ ၃ နာရီခွဲလောက်မာ ကိုင်းရှည်ရပ်ကွက်ဖက်က လိုက်ထရပ်ကားတစီးနန့်ဆီပီပါ(၁၃)လုံးတင်ဆောင်လာချိန် တက္ကသိုလ်ယှောင်လမ်းမာဟိရေ စစ်ကောင်စီတပ် စစ်ဆီးရီးဂိတ်က ဆီပီပါတိနန့်တတူ ဖမ်းဆီးလားခစွာ ဖြစ်ပါရေ။
ကင်းတောင်ရွာက ဦးညီညီမင်းကိုလည်းဒီဇမ်ဘာ၆ရက်နိ၊ ညဇာ ၅နာရီလောက်မာ တောင်ကုတ်မြို့၊ချောင်းကောက် ရပ်ကွက်က ဓါတ်ဆီ (၅)ဂါ လံဝယ်ပြီးကေ ကင်းတောင်ရွာဖက်သို့ ပြန်ထွက်လာချိန် ဦးဥတ္တမလမ်းမာ ကင်းလှည့်နီရေ စစ်ကောင်စီတပ်ဖွဲ့ဝင်တိက ဖမ်းယူလားစွာဖြစ်ပါရေ။
လမူးတိုက်နယ်၊ ပဒါရွာနီက ဆီဆိုင်ပိုင်သျှင် ဦးဇော်မင်းဌေးကိုတော့ ဒီဇမ်ဘာ ၆ ရက်နိ၊ ညဇာ ၁၀ နာရီအချိန်လောက်မာ တောင်ကုတ်တက္ကသိုလ်ရှိဟိ စစ်ကောင်စီ စစ်ဆင်ရီးဂိတ်က ဖမ်းဆီးခစွာလို့သိရပါရေ။
ဒီဇမ်ဘာ ၅ ရက်နိ ညည့် ၁၁ နာရီခွဲလောက်မာ တောင်ကုတ်အခြီစိုက် စစ်ကောင်စီတပ် စကခ(၅)က စစ်ကောင်စီတပ်ဖွဲ့ဝင် တိနန့် တောင်ကုတ်မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တိ ပူးပေါင်းအင်အား ၁၀ လောက်စွာ ဂူတာရပ်ကွက်ကဆီဆိုင်ပိုင်သျှင် ဦးအေးကျော်နန့် မအီမြို့၊ အမှတ်(၄) ရပ် ကွက်က ဘေးတွဲဆိုင်ကယ်မောင်းသူ ဦးညီညီရို့နှစ်ယောက်ကို ဖမ်းဆီးခပါသိမ့်ရေ။
ရက္ခိုင်ပြည်မာ ကုန်ခရေ နိုဗမ်ဘာ ၁၃ ရက်နိကစလို့ ရက္ခိုင့်တပ်တော် AA နန့် စစ်ကောင်စီတပ်ရို့အကြား တကျော့ပြန် တိုက်ပွဲတိဖြစ်ပွားလျက်ဟိရာ နိုင်ငံတဝှမ်း အယှုံးနန့်ဆိုးဝါးစွာ ရင်ဆိုင်နီရရေ စစ်ကောင်စီစွာ အပြစ်မဲ့ပြည်သူတိကို မတရားဖမ်းဆီးစွာ ၊ သတ်ဖြတ်စွာတိကို နိစဉ်ရက် ဆက် ဆက်တိုက်ပြုလုပ်လာနီပါရေ။
