
APM ၊ ဒီဇမ်ဘာ ၉ / ၂၀၂၃
မောင်တောမြို့နယ်မာ ဒေနိ(ဒီဇမ်ဘာ ၉ ရက်နိ) မိုးထစောစော ၃ နာရီ လောက်က တောဆင်ရိုင်းအနင်းခံရလို့ ဒေသခံတယောက် သီဆုံးလားကြောင်း သိရပါရေ။
သီဆုံးလားရေလူစွာ မောင်တောမြို့နယ်၊ ဂုံးနား(မူဆလင်) ရွာက ဦးအာဒူလ္လာမီ (၅၅ နှစ်) ဖြစ်ပါရေ။
ဦးအာဒူလ္လာစွာ လယ်တဲမာ စပါးစောင့်ယင်း အိပ်ပျော်နီချိန် ဒေနိမိုးထစောစောက တောဆင်ရိုင်းနင်းလို့ သီဆုံးလာခရေလို့ ရွာသားတိက ပြောပါရေ။
မောင်တောမြို့နယ်က ဒေသခံတိစွာ ဒေဂုပိုင် တောဆင်ရိုင်းအန္တရာယ်ကို မကြာမကြာ ကြုံတွိရလိ ဟိပါရေ။
ဒီဇမ်ဘာ ၁ ရက်နိ ညည့်ခါကလည်း လယ်တဲမာ စပါးပုံစောင့်ယင်းအိပ်နီရေ လောင်းဒုံရွာက ဒေသခံအမျိုးသားတယောက် တောဆင်ရိုင်း နင်းလို့ သီဆုံးခရပါသိမ့်ရေ။
အဂုပိုင် စပါးပေါ်ချိန် ရောက်တိုင်း မေယုတောင်တန်းက တောဆင်ရိုင်းတိစွာ ဒေသခံတိစိုက်ပျိုးထားရေ စပါးခင်း၊ ဥယျာဉ်ခင်းတိထဲလို့ ဝင်ရောက်ကျက် စားတတ်ပြီးကေ မြင်မြင်သမျှဒေသခံပြည်သူတိကို ရန်မူလိဟိကြောင်းလည်း သိဟိရပါရေ။
