APM၊ နိုဗမ်ဘာ ၉/ ၂၀၂၃
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ထီးချိုင့်မြို့မာ ရက္ခိုင့်တပ်တော်(AA) အပါအဝင် တော်လှန်ရီးတပ်ပေါင်းစုက မြို့သိမ်းတိုက်ပွဲဆင်နွဲနီပြီးကေ လက်ဟိမာမြို့ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တိကို ယှင်းလင်းနီကြောင်း သိရပါရေ။
ရက္ခိုင့်တပ်တော်((AA)၊ ကချင်လွတ်မြောက်ရီးတပ်မတော် (KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) နန့် ဒေသခံတော်လှန်ရီး တပ်ပေါင်းစုတိက အောက်တိုဘာ ၈ ရက်နိကစလို့ ထီးချိုင့်မြို့အဝင်မာ တပ်စွဲထားရေ စစ်ကောင်စီတပ်ကို စတင်တိုက်ခိုက်ပြီးကေ မြို့သိမ်းတိုက်ပွဲကို ဆင်နွဲနီရေလို့ ပြည်သူ့ကာကွယ်ရီး အဖွဲ့ဝင်တယောက်က ဆိုပါရေ။
တော်လှန်ရီးတပ်ပေါင်းစုရေ စစ်ကိုင်းတိုင်းအထက်ပိုင်းဟိ ကောလင်းမြို့နန့် ပင်လည်ဘူးမြို့ရို့ကို သိမ်းပိုက်ခပြီးနောက် ဒေဂု ထီးချိုင့်မြို့ကိုပါ ဆက်လက်သိမ်းပိုက်နိုင်ဖို့ အောက်တိုဘာ ၈ ရက်နိ မွန်းလွဲ ၃ နာရီလောက်ကပင် ထိုးစစ်ဆင်နီစွာ ဖြစ်ပါရေ။
တိုက်ပွဲဖြစ်ပွားရေ ပထမနိမာ စစ်ကောင်စီဖက်က တိုက်လီယာဉ်နန့် လီကြောင်းတိုက်ခိုက်မှု (၈) ကြိမ်ပြုလုပ်ခလို့ နီအိမ်တိ ပျက်စီးခပြီး၊ တချိန်တည်းမာ စစ်ကောင်စီတပ်စွဲထားရေ နီရာတိက လက်နက်ကြီးတိနန့်ပစ်ခတ်ခစွာကြောင့်အမျိုးသား တယောက်နန့် အမျိုးသမီးတယောက်သီဆုံးပနာ တခြားတယောက်လည်း ထိခိုက်ဒဏ်ရာရဟိလားခပါရေ။
အလားတူ ဒေနိ ဒုတိယနိမာလည်း စစ်ကောင်စီဖက်က ထီးချိုင့်မြို့အတွင်းနန့် အနားပတ်ဝန်းကျင်တိသို့ တိုက်လီယာဉ်တိနန့် လီကြောင်းတိုက်ခိုက်မှုလုပ်နီလို့ ပြည်သူတချို့ ထိခိုက်ဒဏ်ရာရမှုတိဟိနီကြောင်း ဒေသခံတိပြောကြားချက်အရ သိဟိရပါရေ။