(အောက်တိုဘာ ၂ ရက်နိမှ ၈ ရက်နိအထိ)
၁။ ၅-၁၀-၂၀၂၃ (ကြာသပတီး)
(၁) အောက်တိုဘာ ၅ ရက်နိ မိုးထ ၄ နာရီလောက်က စစ်တွေမြို့မာ စစ်ကောင်စီ ဖြိုသတ်ပစ်တေစားသောက်ဆိုင် တိအပါအဝင် ဆိုင်ပေါင်း ၂၀ လောက်ဟိ အခြီခံဆိုင်ဝန်ထမ်းတိစွာ အလုပ်လက်မဲ့ဖြစ်လားခပြီးကေ စားဝတ်နီရီး အခက်အခဲနန့် ဆိုးဆိုးဝါးဝါးရင်ဆိုင်လာရနိုင်ပါရေ။
(၂) အောက်တိုဘာ ၅ ရက်နိ ညည့် ၇ နာရီခွဲလောက်က စစ်တွေမြို့ စက်ရုံစုရပ်ကွက် ရွှိပါရမီဘုန်းကြီးကျောင်းရှိဟိ နီအိမ်မာသားအဖ ၂ ယောက်ပစ်သတ်ခံရလို့ အဖဖြစ်သူ ဦးမောင်ကျန်စိန်(၆၂နှစ်)သီဆုံးလားပြီးကေ သမီးဖြစ်သူ ဒေါ်ဦးတင်ယဉ် (ခ) မမချေ (၃၀နှစ်) ပြင်းပြင်းထန်ထန် ဒဏ်ရာရလားပါရေ။
၂။ ၇-၁၀-၂၀၂၃ (စနီ)
(၁) ကချင်ပြည်၊ ကချင်လွတ်လပ်ရီးတပ်မတော် (KIA) ဌာနချုပ်တည်ရာလိုင်ဇာမြို့ဝန်းကျင်ဟိ ရက္ခိုင့်တပ်တော် AA တပ်စခန်းတိကို မြန်မာစစ်တပ်က လက်နက်ကြီးနန့် နိတိုင်း ပစ်ခတ်တိုက်ခိုက်နီပါရေ။
(၂) သက်ငယ်မုဒိမ်းမှုအပါအဝင် မုဒိမ်းမှုတိနန့် ပတ်သက်လို့ ထိထိရောက်ရောက် ပြတ်ပြတ်သားသား အရေးယူလားဖို့လို့ ULA/AA ပြောပါရေ။
၃။ ၈-၁၀-၂၀၂၃ (တလင်းဂနိ)
(၁) အောက်တိုဘာ ၈ ရက်နိ နိခင်း ၁၁ နာရီခွဲက ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ် ရထားဘူတာ စစ်ဖီးယှောင်စခန်းနားမာ စစ်ကျန်မိုင်းတလုံးပေါက်ကွဲမှုဖြစ်လို့ ပုဏ္ဏားကျွန်းမြို့နယ်၊ ဘုတ္တောရွာက ယိုးတရုပ်ရထားဘူတာ စစ်ဖီးယှောင်စခန်းသို့ လာရောက်ခိုလှုံ့နီကတ်တေ မောင်နေတိုးဟိန်း(၁၀နှစ်) သီဆုံးလားပြီးကေ မောင်မျိုးဇော်ဟိန်း(၈ နှစ်)နန့် မောင်မျိုးချစ်ဦး (၆ နှစ်) ရို့နှစ်ယောက် ဒဏ်ရာရလားပါရေ။
(၂) ရက္ခိုင်ပြည်၊မင်းပြားမြို့နယ်၊ စွန်ရဲရွာမာ အောက်တိုဘာ ၈ ရက်နိ မိုးထစောစော ၂ နာရီ ၃၀ မိနစ်မာ ရက္ခိုင်အမျိုး သားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA ဦးဆောင်ရေ ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့က မူးယစ်ဆီးဝါး အစိချေ ရောင်းဝယ်ဖြန့်ဖြူး သုံးစွဲရေလူတိကို စီနင်းဝင်ရောက်ပနာ အုပ်စုပြတ် ဖမ်းဆီးလိုက်ပါရေ။