APM၊ အောက်တိုဘာ ၉ /၂၀၂၂
ဗုဒ္ဓဘာသာဝင်များ အထွဋ်တမြတ်တန်ဖိုးထားသော အခါကြီးရက်ကြီးဖြစ်သည့် ဝါကျွတ်လပြည့်နိ အခါသမယ၌ ရက္ခိုင်ပြည်၏ မြို့တော် စစ်တွေတွင် ALP တပ်ဖွဲ့ဝင်များက အပြစ်မဲ့ပြည်သူများအား လူမဆန်စွာ သီနတ်များဖြင့် အကြမ်းဖက် ပစ်သတ်ကြောင်း စိတ်မချမ်းမြေ့ဖွယ် သိရသည်။
ဒေနိ ၁၁ နာရီအချိန်ခန့်၌ စစ်တွေမြို့၊ နာဇီရွာ စက်ရုံစုရပ်ကွက်မှ ALP တပ်ဖွဲ့ဝင်သုံးယောက်သည် ယင်းရပ်ကွက်ဟိ “ကေသုံးလုံး” ကုန်စုံဆိုင်သို့ အရက်အကြွီးလာဝယ်စဉ် ဝါကျွတ်လပြည့်အခါကြီးရက်ကြီး ၌ မရောင်းသဖြင့် ဒေါသတကြီး ပြန်လည်ထွက်ခွာလားခကတ်သည်။
ယင်းနောက် ၁၅ မိနစ်ခန့်အကြာတွင် သီနတ်များ၊တုတ်၊ဓါး၊ လက်နက်များကိုင်ဆောင်ထားသော ALP တပ်ဖွဲ့ဝင်အများစုသည် “ကေသုံးလုံး”ဆိုင်သို့နောက် တကြိမ်ပြန်ရောက်လာပြီးသီနတ်များဖြင့်ပစ်ခတ်ရာအပြစ်မဲ့ပြည်သူ ၂ ယောက်ထက်မနည်း ဒဏ်ရလား ခကြောင်း သိရသည်။
အပစ်ခံရသည့်ဆိုင်ပိုင်သျှင်ဦးခင်မောင်ဝင်း(၃၇နှစ်) မှာ ပေါင်တွင်ကျည်ထိမှန်ခပြီး၊၎င်း၏ယောက်ဖဖြစ်သူ ကိုရန်နိုင်စိုး(၃၉နှစ်)မှာလေ့ဦးဂေါင်းကွဲကာ ဒဏ် ရာများရဟိလားကြောင်း ဒေသခံမျက်မြင်များက ဆိုသည်။
ALP တပ်ဖွဲ့ဝင်များက အဆိုပါဒဏ်ရာရလားခသူ ၂ ယောက်အား ၎င်းရို့၏ နာဇီရွာ စက်ရုံစုရပ်ကွက်ဟိ ALPရုံးသို့ ဖမ်းဆီးခေါ်ဆောင်လားခသဖြင့်ရပ်ကွက် ဂေါင်းဆောင်များနန့် အုပ်ချုပ်ရီးမှူးများက ALP ရုံးသို့လားရောက်၍ ဦးခင်မောင်ဝင်းနန့် ဦးရန်နောင်စိုး ရို့ကိုတောင်းယူခပြီးနောက် လက်ဟိတွင် စစ်တွေမြို့ ပြည်သူ့ဆီးရုံကြီး၌ ဆီးကုသမှုခံယူနီကြောင်း သိရသည်။
ကုန်ခသည့် အောက်တိုဘာ ၃ရက်နိကလေ့ ဓားရှည်၊ သံတုတ်၊ ပီစတို ကိုယ်စီကိုင်ဆောင်ထာသော ALP တပ်ဖွဲ့ဝင် ၁၀ ယောက်ခန့်သည် တုတ်တုတ်ချေ (သုံးဘီးဆိုင်ကယ်)ဖြင့်စစ်တွေမြို့ဆင်ကူးလမ်းရပ်ကွက် အတွင်းသို့ဝင်ရောက်လာပြီး၊ ဆင်ကူးလမ်းရပ်ကွက်မှ အပြစ်မဲ့ အရပ်သားပြည်သူ ၄ ယောက်ဖြစ်သည့် ဦးပိုးချေ(၃၅နှစ်)၊ ဦးထွန်းနိုင်ဝင်း (ခ) မောင်မောင် (၃၂နှစ်)၊ ဦးစိုးကျော်နိုင်(၃၂ နှစ်)နန့် ကိုထက်လင်းနိုင် (၂၃ နှစ်) ရို့ အား သံတုတ်များဖြင့် ရက်ရက် စက်စက် ဝိုင်းဝန်းရိုက်နှက်၍ ဖမ်းဆီးခေါ် ဆောင်လားခသိမ့်သည်။
ယင်းအပြင် စပ်တမ်ဘာ ၂၈ ရက်နိကလေ့ ALP အဖွဲ့မှဗိုလ်အဆင့်ဟိသူ ရာသျှားဦးဆောင်သည့်ALPတပ် ဖွဲ့ဝင် ၃ ယောက်သည် ဓားရှည်ကိုယ်စီကိုင်ဆောင်လျက် စစ်တွေမြို့၊စက်ရုံစုရပ်ကွက်၊ အေးသာယာလမ်းမှ အပြစ်မဲ့အရပ်သားပြည်သူများအားဝိုင်းဝန်း အနိုင်ကျင့် ရိုက်နှက်မှုများ ပြုလုပ်ခကတ်ပါသိမ့်သည်။
ယင်းနည်းတူ ကုန်ခသည့် ဩဂတ်စ် ၇ ရက်နိကလေ့ စစ်တွေမြို့၊ နာဇီရွာစက်ရုံစုရပ်ကွက်မှ ကိုသိန်းဆန်းဆိုသူအား ယင်းရပ်ကွက် ကန်ဘောင်အနား၌ ALP တပ်ဖွဲ့ဝင် ၆ ယောက်ခန့်က သီနတ်ဖြင့် ၄ ချက်ပစ် ခတ်ဖမ်းဆီးရာ ကိုသိန်းဆန်း၏ ညာဖက်ခြီထောက် ခြီသလုံးကို ကျည်ဆန်ထိမှန်ပြီး အပြင်းအထန် ရုန်း ကန်ထွက်ဗြီး လွတ်မြောက်လားခသည်။
ကိုသိန်းဆန်းကို ဖမ်းမရလိုက်သောအခါ ALP တပ်ဖွဲ့ဝင်များသည် ကိုသိန်းဆန်း၏ ဇနီးဖြစ်သူ ကိုယ်ဝန် ဆောင်မိခင်မလုံးလုံးဌေး(ခ)စိုးစိုးဌေးအား အကြမ်း ဖက် ဖမ်းဆီးဆွဲခေါ်လားခပြီး၊ အားပါးတရ နှိပ်စက် စစ်ဆီးခသည့်အတွက် မစိုးစိုးဌေး၏ဝမ်းထဲမှ သန္ဓေ သားမှာ ပုံမှန်အနီအထားကနီ ပုံမှန်မဟုတ်သောအနီအထားသို့ရောက်ဟိလားခရကြောင်း သိဟိရသည်။
အလားတူ ဩဂတ်စ် ၂ ရက်နန့် ၃ ရက်နိကလေ့ ALP တပ်ဖွဲ့ဝင်များသည်စစ်ကောင်စီတပ်ယူနီဖောင်းများ ဝတ်ဆင်ကာ စစ်တွေ အခြီစိုက် စစ်ကောင်စီတပ် ခမရ(၃၅၄) တပ်ရင်းမှ တပ်ဖွဲ့ဝင်များနန့် ပူးပေါင်းလျက် အဆိုပါနာဇီရွာ စက်ရုံစု ရပ်ကွက်မှ ရာအိမ်မှူး ဖြစ်သူဦးဦးဘစော၊ဒေါ်မညွန့်စိန်နန့်ကိုကလားချေ ရို့ကို ရိုက်နှက်ဖမ်းဆီးလားခသည့်အပြင် ဦးတင်ထွန်း ဆိုသူ၏ နီအိမ်ကိုလေ့ အတင်း အဓမ္မဝင်ရောက်ပြီး တအိမ်လုံးကို မွှီနှောက်ရှာဖွီလားခသည်။
ရက္ခိုင်ပြည် မြို့တော်စစ်တွေတွင် ကုန်ခသည့် ဩ ဂတ်စ်လ အစပိုင်းမှစ၍ ALP တပ်ဖွဲ့ဝင်များသည် စစ်ကောင်စီတပ်နန့်ပူးပေါင်းလျက် အပြစ်မဲ့အရပ် သားပြည်သူများအား ပစ်ခတ်သတ်ဖြတ်မှု၊ ဖမ်းဆီး ရိုက်နှက်၊ နှိပ်စက်အနိုင်ကျင့်မှုများ၊ လက်နက်အား ကိုးဖြင့် အာဏာ ပြခြိမ်းခြောက်ငွေညှစ်မှုများ ဆက် တိုက်ပြုလုပ်လျက်ဟိသကဲသို့ စစ်တွေမြို့ရပ်ကွက်တချိုတွင်လေ့သီနတ်၊တုတ်၊ဓားကိုယ်စီကိုင် ဆောင် လျက် ဝင်ရောက်ယမ်းကား ဆဲဆိုမှုများ ပြုလုပ်နီကြောင်း သတင်းများ အဆက်မပြတ်ထွက်ပေါ်လျက်ဟိသည်။
(Zawgyi)
ဝါကျွတ်လပြည့် အခါကြီးရက်ကြီး၌ စစ်တွေမြို့ တော်တွင် ALP တပ်ဖွဲ့ဝင်များက အပြစ်မဲ့ပြည်သူ များအား သီနတ်များဖြင့် ပစ်သတ်
APM၊ အောက်တိုဘာ ၉ /၂၀၂၂