(ရမ်းဗြဲမြို့မာလည်း မြို့တွင်းတိုက်ပွဲတိဆက်ဖြစ်)
APM ၊ ဂျန်နဝါရီ ၉ / ၂၀၂၄
ဂျန်နဝါရီ ၈ရက်နိ၊ မိုးထပိုင်းက ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်ရွာအနားဟိ စစ်ကောင်စီ၏ ဓညဝတီရီတပ်စခန်းကို ရက္ခိုင့်တပ်တော်က ပထမဆုံးအကြိမ်စတင် တိုက်ခိုက်ခကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့က ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်မာ ” ဂျန်နဝါရီ ၈ ရက်နိ၊ မိုးထ (၆) နာရီဝန်းကျင်၌ ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်ရွာ အနားဟိ စစ်ကောင်စီ၏ ဓညဝတီရီတပ်စခန်း အား ရက္ခိုင့်တပ်တော် (AA) မှ ပထမဆုံးအကြိမ် စတင်တိုက်ခိုက်ခသည်” လို့ ဖော်ပြထားပါရေ။
ယင်းအပြင် ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့မာလည်း ရက္ခိုင့်တပ်တော် (AA) နန့် မြို့တွင်း စခန်းချတပ်စွဲထားရေ စစ်ကောင်စီတပ်ဖွဲ့ ဝင်တိကြား ထိတွိတိုက်ပွဲတိ ဆက်လက်ဟိနီခရေလို့လည်း ဆိုပါရေ။
မြောက်ဦးမြို့နယ်အတွင်းက ပြည်သူလူထုရို့ကို လက်နက်ကြီးတိနန့် နှစ်ရှည်လများ ပစ်ခတ်အနိုင်ကျင့်နီခရေ စစ်ကောင်စီ၏ မြောက်ဦး၊ သင်းကျစ်တော်တောင်စခန်းကိုတော့ ဂျန်နဝါရီ ၈ ရက်နိ၊ ညဇာ ၄ နာရီအချိန်မာ ရက္ခိုင့်တပ်တော် (AA) က အပြီးသတ်ချေမှုန်းသိမ်းပိုက်ခပြီးကေ စခန်းကုန်းသိမ်း တိုက်ပွဲအတွင်းက စစ်ကောင်စီ၏ စစ်အသုံး အဆောင်ပစ္စည်းတိနန့် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရဟိခရေလို့ ဆိုပါရေ။
အလားတူ “ရက္ခိုင့်တပ်တော် (AA) စွာ ပလက်ဝဒေသတခုလုံးဟိ ရန်သူ့စခန်းတိအားလုံးကို အပြီးသတ်သိမ်းပိုက်ရ ယူနိုင်ရီးအတွက် မရပ်မ နား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ဟိကြောင်း၊ ပလက်ဝအနောက်ဖက်ခြမ်းဟိ ရန်သူ့စခန်းအားလုံးမာလည်း ရက္ခိုင့်တပ်တော်လက်ထဲသို့ ကျရောက်ခပြီးဖြစ်ကြောင်းနန့် တပြိုင်နက်တည်းမာ ပလက်ဝပတ်ဝန်းကျင်အနားဟိ သိမ်းပိုက်ဖို့ကျန်နီသိမ့်ရေ စခန်းတိကို တခုမကျန် သိမ်းပိုက်ရယူနိုင်ဖို့အတွက် အကောင်းဆုံးကြိုးစားဆောင်ရွက် လျက်ဟိကြောင်း” လည်း ညီနောင်(၃) ဖွဲ့က ဖော်ပြပါရေ။
ဂျန်နဝါရီ ၈ ရက်နိ၊ ညည့်နက်သိုင်ခေါင် ၁၂နာရီအချိန်လောက်မာ စစ်ကောင်စီ၏ ဂျက်ဖိုက်တာစွာ မြောက်ဦးမြို့နယ်၊ အိုးထိမ်းရွာနန့် တိန်ညိုရွာအနားတဝိုက်သို့ လာရောက်ပစ်ခတ်တိုက်ခိုက်ခလို့ အိုးထိမ်းရွာဟိ နီအိမ်တချို့ လက်နက်ကြီး ကျည်ထိမှန်ပနာ လုံးဝပျက်စီးခရရေပိုင်၊ တိန်ညိုရွာအတွင်းသို့လည်း စစ်ကောင်စီက Drop Bomb တိနန့် လာရောက်တိုက် ခိုက်ခရေလို့ ဖော်ပြထားပါရေ။
ယင်းအပြင် ဂျန်နဝါရီ ၈ ရက်နိ၊ ညည့်နက်သိုင်ခေါင်ကျော် ၁ နာရီလောကိမာလည်း ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့၊ အမှတ် (၅) ရပ်ကွက်နီအရပ်သား မူဆလင် (၃) ယောက်ကိုလည်း စစ်ကောင်စီ၏ ဘူးသီးတောင်အခြီစိုက်တပ်ရင်းတိဖြစ်ကတ်တေ ခမရ (၂၃၃) နန့် ခမရ (၂၆၃) ရို့က နီအိမ်တိအတွင်းသို့ အတင်းအဓမ္မအင်အားသုံးဝင်ရောက် ပနာ မတရားဖမ်းဆီးခေါ်ယူ လားခရေလို့ သိရပါရေ။
စစ်ကောင်စီနန့် ၎င်းလက်အောက်ခံ လက်ကိုင်တုတ်တပ်ဖွဲ့ဝင်တိ၏ လက်တဆုပ်စာ အာဏာစက်လွှမ်းမိုးရာ ရက္ခိုင်ပြည်၊ စစ်တွေမြို့မာလည်း တိုက်ပွဲဖြစ် ပွားခြင်းမဟိပါဘဲ အပြစ်မဲ့အရပ်သားပြည်သူရို့ကို လက်နက်အားကိုးနန့်နိုင်ထက်စီးနင်း ဗိုလ်ကျပနာ အင်အားသုံးဖမ်းဆီးခြင်းတိ၊ ခရီးလားလာခွင့်ပိတ်ပင်ခြင်းတိနန့်ပိုင်ဆိုင်မှုပစ္စည်းတိကိုလုယက် ခြင်းတိကိုပါ နိစဉ်နန်အမျှ လုပ်ဆောင်လာနီကြောင်း ညီနောင် (၃) ဖွဲ့၏ ဂျန်နဝါရီ ၈ ရက် ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။