ပလက်ဝမာလည်း ရက္ခိုင့်တပ်တော် နန့် စစ်ကောင်စီတပ် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်နီ၊ ရန်သူ့အလောင်းအများအပြားနန့်လက်နက်ခဲယမ်း အမြောက်အမြား ထပ်မံသိမ်း ဆည်း ရထားကြောင်း ရက္ခိုင့်တပ်တော် ထုတ်ပြန်
APM ၊ ဂျန်နဝါရီ ၉ / ၂၀၂၄
ဂျန်နဝါရီ ၉ ရက်နိ၊မြောက်ဦးမြို့၊သကျမာရ်အောင်ဘုရား အနားမာ ရက္ခိုင့်တပ်တော် (AA) နန့် မြောက်ဦးအခြီစိုက် စစ်ကောင်စီတပ် ခမရ (၅၄၀) တပ်ရင်းကစစ်ကြောင်းရို့တိုက်ပွဲဖြစ်ပွားခပြီးကေ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်က ၁၅ ယောက်ထက်မနည်း ကျဆုံးလားကြောင်း ရက္ခိုင့်တပ်တော် AA က ဒေနိ သတင်းထုတ်ပြန်ပါရေ။
ရက္ခိုင့်တပ်တော်၏ထုတ်ပြန်ချက်အတွင်း “၂၀၂၄ ခုနှစ်၊ ဂျန်နဝါရီလ (၉) ရက်နိတွင် မြောက်ဦးအခြီစိုက် အကြမ်း ဖက် ဖက်ဆစ်စစ်ကောင်စီတပ်၏ ခမရ(၅၄၀)မှ အင်အား (၅၀)ကျော်ခန့်ဟိစစ်ကြောင်းနန့်ရက္ခိုင့်တပ်တော်ရို့ သကျ မာရ်အောင်ဘုရားအနားတွင် မိနစ်အနည်းငယ်ကြာ ထိတွိတိုက်ပွဲဖြစ်ပွားခသည်။ အဆိုပါ တိုက်ပွဲအတွင်း အကြမ်း ဖက်စစ်ကောင်စီတပ်ဖက်မှ အထိနာခပြီး၊ (၁၅) ဦးထက်မနည်းကျဆုံးခကာ ဒဏ်ရာရသူများထပ်မံဟိနိုင်သည် လို့ ထည့်သွင်း ဖော်ပြထားပါရေ။
“ရက္ခိုင့်တပ်တော်အနီနန့် ပလက်ဝဒေသတခုလုံးကို စစ်ကောင်စီကင်းစင်ရေနယ်မြီဖြစ်လာနိုင်ဖို့ပလက်ဝမြို့ပတ် ဝန်းကျင်မာ ကျန်နီသိမ့်ရေ စစ်ကောင်စီတပ်၏ အနည်းချေသော လက်ကျန်စခန်းတိကို ဆက်လက်ခြီမှုန်းတိုက်ခိုက်နီရေအတွက် ပလက်ဝမြို့ပတ်ဝန်းကျင်မာလည်း တိုက်ပွဲတိ ဆက်လက်ပြင်းထန်နီရေ”လို့ ဆိုပါရေ။
ဂျန်နဝါရီ ၉ရက်တရက်လုံး ပလက်ဝမြို့နားပတ်ဝန်းကျင် မာ ရက္ခိုင့်တပ်တော်နန့်စစ်ကောင်စီတပ်ရို့ တိုက်ပွဲအပြင်း အထန်ဖြစ်ပွားလျက်ဟိပြီးကေ စစ်ကောင်စီဖက်က လက် နက်ကြီးပစ်ကူ၊ ဂျက်တိုက်လီယာဉ်တိနန့် အပြင်းအထန်ခုခံတိုက်ခိုက်လျက်ဟိရေပိုင် ရက္ခိုင့်တပ်တော်ဖက်ကလည်းအပြီးသတ်သိမ်းပိုက်နိုင်ရီးအတွက်ကြိုးပမ်းလျက် ဟိပနာ၊ ရန်သူ့အလောင်းအများအပြားနန့်လက်နက်ခဲယမ်း အမြောက်အမြားရို့ကိုလည်း ထပ်မံသိမ်းဆည်းရမိခကြောင်း သိရပါရေ။
ယင်းအပြင် ပလက်ဝနန့် ကျောက်တော်အစပ်မာဟိရေ စစ်ကောင်စီ၏ မီးဝဗျူဟာကိုလည်း အပြီးသတ်သိမ်း ပိုက်နိုင်ဖို့အတွက် ရက္ခိုင့်တပ်တော်က တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ဟိကြောင်း၊ ယင်းတိုက်ပွဲအတွင်းမာလည်း စစ်ကောင်စီစွာ ဂျက်တိုက်လီယာဉ်တိကို ကြိမ်ဖန်များစွာသုံးလို့ လာရောက်ဗုံးကြဲတိုက်ခိုက်ခကြောင်း ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။