
APM ၊ ဂျန်နဝါရီ ၉/ ၂၀၂၄
အပြစ်မဲ့ရက္ခိုင်ပြည်သူလူထုကို သတ်ဖြတ်ထားရေ မြောက်ဦးအခြီစိုက်စစ်ကောင်စီတပ်ခမရ(၅၄၀)တပ်ရင်းကို ပြတ်ပြတ်သားသား လက်စား ချီလားဖို့လို့ ရက္ခိုင့်တပ်တော် (AA) က ဂျန်နဝါရီ ၉ ရက်နိမာ ရာဇသံပီးထုတ်ပြန်လိုက်ပါရေ။
ထုတ်ပြန်ချက်မာ “မိမိရို့၏ အပြစ်မဲ့ပြည်သူလူထုရို့အား သတ်ဖြတ်လားပြီး စစ်ရာဇဝတ်မှုကျူးလွန်နီသော ခမရ (၅၄၀) တပ်ရင်းအား ပြတ်ပြတ်သားသား လက်စားချီတုံ့ပြန်လားမည်ဖြစ်သည်” လို့ဖော်ပြထားပါရေ။
အကျအဆုံးများပြီးကေ အထိနာလားရေ အဆိုပါ ခမရ(၅၄၀)တပ်ရင်း က စစ်ကြောင်းတကြောင်းစွာ မြောက်ဦးမြို့ အတွင်း သို့ဆုတ်ဗြီးချိန် လမ်းမာတွိရေ မြောက်ဦးမြို့ခံ ၃ ယောက်ကို လူသားဒိုင်းကာလုပ်ပနာ ခမရ (၅၄၀) တပ်ရင်းသို့ ခေါ်ဆောင် လားပြီးနောက် ယင်းအပြစ်မဲ့ အရပ်သား (၃) ယောက်စလုံးကို သီနတ်နန့် ပစ်ခတ်သတ်ဖြတ်လားရေလို့ ဆိုပါရေ။
ယင်းအပြင် ဂျန်နဝါရီ ၉ ရက်နိ၊ ညဇာပိုင်းကလည်း ယင်းခမရ (၅၄၀) တပ်ရင်းက မြောက်ဦးမြို့အတွင်းသို့ လက်နက်ကြီးတိနန့် ယမ်းကားပစ်ခတ်ခမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ တယောက် နီရာမာပင် ပွဲချင်းပြီး သီဆုံးလားခပြီးကေ နှစ်ယောက်ဒဏ်ရာရဟိခကြောင်း ရက္ခိုင့်တပ်တော်(AA)၏ထုတ်ပြန်ချက်မာ ဖော်ပြပါဟိပါရေ။
