APM၊ဂျန်နဝါရီ ၉/၂၀၂၄
ဂျန်နဝါရီ ၉ ရက်နိ၊ မိုးထ ၉ နာရီခွဲလောက်က ပုဏ္ဏားကျွန်းမြို့နယ်မာ တိုက်ပွဲဖြစ်ပွားခြင်းမဟိဘဲ စစ်ကောင်စီတပ်က ရည်ရွယ်ချက်ဟိဟိ ပစ်လိုက်တေ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ အာရက္ခပြည်သူတယောက် ဒဏ်ရာရလားကြောင်း သိရပါရေ။
ဒဏ်ရာရလားလူစွာ ပုဏ္ဏားကျွန်းမြို့နယ်၊ ဒီပါရုံရွာက ဦးအောင်သာထွန်း (၆၄နှစ်) ဖြစ်ပါရေ။
ဂျန်နဝါရီ ၉ ရက်နိ မိုးထ ၉ နာရီခွဲလောက်ကစလို့ ပုဏ္ဏားကျွန်းအခြီစိုက် စစ်ကောင်စီ၏ ခမရ (၅၅၀)တပ်ရင်းက ဒီပါရုံရွာတောင်တန်းဖက်သို့ လက်နက်ကြီးနန့် အကြိမ်(၁၀)ကျော်ပစ်ခတ်ခရေအထဲက ကျည်တလုံးစွာ တောင်ခြီရင်းဟိ ဦးအောင်သာထွန်း၏ လယ်တလင်းပြင်နားမာကျရောက် ပေါက်ကွဲခရေလို့ ရွာသားတိကပြောပါရေ။
ယင်းလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် လယ်တလင်းပြင်မာ စပါးလွှင့်နီရေ ဦးအောင်သာထွန်း၏ ညာဖက် လက်မောင်းရင်းမာ ကျည်စ ဝင်လားရေလို့ ဆိုပါရေ။
လက်ဟိမာ ဒဏ်ရာရလားရေ ဦးအောင်သာထွန်းကို ပုဏ္ဏားကျွန်းဆီးရုံသို့ ပို့ဆောင်ထားကြောင်း သိရပါရေ။