APM ၊ ဂျန်နဝါရီ ၉ /၂၀၂၃
စစ်ကြောရီး၌ မြန်မာစစ်တပ်က ရက်ရက်စက်စက် ရိုက်နှက်စစ်ဆီးမှုကြောင့် ဘယ်ဖက်နံရိုးကျိုးလားခသည့် တောင် ကုတ်ဒေသခံ ဦးသန်းထွန်း(၄၅နှစ်)၏ အမှုကို ဒေနိ(ဂျန်နဝါရီ ၉ ရက်နိ)၌ တောင်ကုတ်မြို့နယ်တရားရုံးတွင် ရုံးထုတ် ခကေလေ့ လိုပြသက်သီများ မရောက်ဟု အကြောင်းပြကာ မစစ်ဘဲ လာမည့် ဂျန်နဝါရီ ၂၄ ရက်နိသို့ ရုံးချိန်း ထပ်ရွှိ လိုက်ကြောင်း သိရသည်။
တောင်ကုတ်မြို့နယ်၊ ဝက်ကျိတ်အုပ်စု၊ မှိုဟင်းတောရွာမှ ဦးသန်းထွန်းကို ကုန်ခသည့် အောက်တိုဘာ ၂၈ ရက်နိတွင် တောင်ကုတ်အခြီစိုက် မြန်မာစစ်တပ် ခမရ (၃၄၆) တပ်ရင်းမှ တပ်ဖွဲ့ဝင်များက ဖမ်းဆီးလားခပြီး၊ ခမရ (၃၄၆)တပ် ရင်းထဲကစစ်ကြောရီး၌ ရက်ရက်စက်စက် ရိုက်နှက် စစ်ဆီးမှုများကြောင့် ၎င်း၏ ဘယ်ဖက်နံရိုး ကျိုးလားခရခြင်း ဖြစ်သည်။
ယင်းနောက် ဦးသန်းထွန်းကို နိုဗမ်ဘာ ၁၈ ရက်နိတွင် တောင်ကုတ် မြို့မရဲစခန်းသို့ လွှဲပြောင်းလျက် မြန်မာစစ်တပ် ဖက်မှဗိုလ်ကြီးကျော်ဇင်ဦးဆိုသူက တရားလိုလုပ်ကာ တောင်ကုတ်မြို့နယ်တရားရုံး၌ မတရားအသင်းဆက်သွယ်မှု ဥဒေပုဒ်မ ၁၇(၁) ဖြင့် တရားစွဲထားခြင်း ဖြစ်သည်။
ဦးသန်းထွန်း၏အမှုကို ရုံးထုတ်ကေလေ့ တရားလိုမရောက်ဟုဆိုကာ ရုံးချိန်းများရွှိနီခသည်မှာ ဒေဂုအကြိမ်နန့် ဆိုလျှင် (၅) ကြိမ်တိုင်တိုင် ဟိနီပြီးဖြစ်ကြောင်းလေ့ သိရသည်။