APM ၊ ဂျန်နဝါရီ ၉ / ၂၀၂၂
ပုဏ္ဏားကျွန်းမြို့နယ်၊ယိုးတရုပ်ရွာနားဟိ ယိုးတရုပ်ရထားဘူတာရုံစစ်ဖီးယှောင်စခန်းတွင် စစ်ဖီးယှောင်များအတွက် နီစရာအဆောင်များ အရေးပေါ် လိုအပ်နီကြောင်း သိရသည်။
ယိုးတရုပ်စစ်ဖီးယှေင်စခန်းဟိ စစ်ဖီးယှောင်များမှာ ကုန်ခသည့် တကျော့ပြန်တိုက်ပွဲကာလများအတွင်း မြန်မာစစ် တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် နီရပ်စွန်ခွာထွက်ဗြီးလာခရသည့် ပုဏ္ဏားကျွန်းမြို့နယ် နန့် ကျောက် တော်မြို့နယ် ချောင်းတူ၊ ရွက်ညှိုးတောင်၊ ဗုဒ္ဓော၊ ဒေးဝန်း၊ အောင်မင်္ဂလာ စသည့် ကျေးရွာများမှ ဒေသခံများဖြစ် ကတ်သည်။
လက်ဟိအချိန်ထိလေ့ အဆိုပါကျေးရွာများအနီးအနား၌ မြန်မာစစ်တပ် တပ်စွဲနီရာယူထား၍ စစ်ဖီးယှောင်များမှာ နီရပ်မပြန်ဝံ့သိမ့်ဘဲ ယိုးတရုပ်ရထားဘူတာရုံ စစ်ဖီးယှောင်စခန်း၌ ဖြစ်တေပိုင် နီထိုင်နီလျက် ဟိသည်။
ယင်းစစ်ဖီးယှောင်စခန်းဟိ စစ်ဖီးယှောင်တချို့မှာ တာပေါ်လင်စဖြင့် လုပ်ထားသည့် တဲများတွင်နီထိုင်ကတ်ရပြီး၊ စစ်ဖီးယှောင် အများစုမှာတော့ နီစရာအဆောင်မဟိဘဲ ဖြစ်တေပိုင် နီထိုင်ကတ်ရတုန်း ဖြစ်သည်။
ယင်းအပြင် ယိုးတရုပ်ရထားဘူတာရုံ စစ်ဖီးယှောင်စခန်းသို့ လာရောက်လှူဒါန်းခြင်းမှာ မဟိသလောက်နည်းပါး၍ စားနပ်ရိက္ခာများ နန့် အနွီးအထည်၊ ပုဆိုး စသည့်အသုံးအဆောင်ပစ္စည်များ အရေးတကြီးလိုအပ်လျက်ဟိကြောင်း စခန်းတာဝန်ခံများက ဆိုသည်။
လက်ဟိ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ရထားဘူတာစစ်ဖီးယှောင်စခန်း၌ အိမ်ထောင်စု ၁၃၉ စုနန့် လူဦးရေ ၆၂၇ ယောက်ရို့ ခိုလှုံလျက်ဟိကြောင်း သိရသည်။